close

ဖားကန့်အချုပ်ထောင်

close

June 22, 2022

ဖားကန့်အချုပ်ထောင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်ကို ဇွန် ၂၂ ရက် မနက်အ‌စောပိုင်းက ကချင်လွတ်‌မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာခံတဦးက “အဝေးကနေ အကျဉ်းထောင်ဘက်ကို လှမ်းပစ်တာ အချက်ပေါင်း ၂၀ လောက်ရှိမယ်၊ သေနတ်ပစ်သံတွေလည်း ကြားရတယ်။ အခုက အဲဒီလက်နက်ကြီးတွေက ထောင်ထဲကျပြီး ပေါက်ကွဲတာလား၊ အပြင်ဘက်ကို ကျတာလား၊ အသေးစိတ်မသိရသေးဘူး။ တကယ်လို့ ထောင်ထဲကိုကျရင်တော့ ထိခိုက်မှုရှိနိုင်တယ်” လို့ ပြောပါတယ်။

ဇွန် ၁၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်ပြည့် မွေးနေ့ကို မှော်ပုံကျေးရွာမှာ ကျင်းပနေစဥ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး မှော်ပုံကျေးရွာက ၅၄ နှစ်အရွယ်ရှိ အမျိုးသမီးတဦးကတော့ ဆေးရုံကိုပို့ဆောင်စဉ် သေဆုံးသွားပါတယ်။

ဒါကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆို‌နေကြပါတယ်။

59 seconds Ago
Up