close

ဖိလစ်ပိုင်ငလျင်

close

July 27, 2022

ငလျင်ဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်ဆောင်မည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင်နိုင်ငံမှာ လူလေးယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အင်အားပြင်း ငလျင်လှုပ်အပြီးမှာ အစိုးရအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။

ပိတ်ဆို့နေတဲ့ လမ်းတွေနဲ့ ပျက်စီးနေတဲ့ အဆောက်အဦတွေကို ဒေသန္တရအစိုးရက ရှင်းလင်းနေချိန်မှာ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဖြန့်ကြက် တာဝန်ချထားခဲ့တယ်လို့ မားကို့စ်က မြို့တော် မနီလာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

နိုင်ငံတော်အရေးပေါ်အခြေအနေတောင်းဆိုမှုတွေကို သမ္မတက ပယ်ချခဲ့ပေမဲ့ အခြေအနေ ပိုဆိုးလာရင် လုပ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်မြောက်ပိုင်း လူဇုံကျွန်းမှာ ဒီနေ့မနက် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၁ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။

အနက်တိမ်တဲ့ငလျင်ဖြစ်လို့ ပိုပြင်းထန်ခဲ့ပြီး မိုင် ၁၈၀ ကျော် အကွာက မြို့တော် မနီလာမှာပါ အပြင်းအထန် လှုပ်ခတ်ခဲ့တာပါ။ ငလျင်ဒဏ်ကြောင့် လူ ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ငလျင်ဟာ ဒိုလိုရက်စ်မြို့ အရှေ့တောင်ဘက် ၆ မိုင်အကွာ အနက် ၆ မိုင်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒစစ်တမ်းအချက်အလက်ဌာန U.S.GS က ထုတ်ပြန်ပါတယ်။

4 days Ago
Up