close

ဖိလစ်ပိုင်လိင်ပြောင်းအလှမယ်

close

June 26, 2022

Miss International Queen 2022 ပြိုင်ပွဲတွင် ဖိလစ်ပိုင်လိင်ပြောင်းအလှမယ် သရဖူဆုဆွတ်ခူး

ထိုင်းနိုင်ငံမှာ ဇွန် ၂၅ ရက်ကကျင်းပတဲ့    Miss International Queen 2022  လိင်ပြောင်းအလှမယ်ပြိုင်ပွဲမှာ ဖိလစ်ပိုင်နိုင်ငံက  ဖျူးရှားအန်းရဗီးနာက သရဖူဆု  ဆွတ်ခူးရရှိသွားပါတယ်။

အသက် ၂၇ နှစ်အရွယ် စီးပွားရေးလုပ်ငန်းပိုင်ရှင် ရဗီးနာဟာ သရဖူအတွက် တခြားနိုင်ငံတွေက ပြိုင်ပွဲဝင် လိင်ပြောင်းအလှမယ် ၂၂ ဦးကို ကျော်ဖြတ် အနိုင်ရခဲ့တာပါ။ ဒုတိယနဲ့ တတိယဆုကို တော့ ကိုလံဘီယာနဲ့ ပြင်သစ်တို့က  ပြိုင်ပွဲဝင်တွေက အသီးသီး ဆွတ်ခူးခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂ နှစ်နီးပါး ရပ်ထားရတဲ့ အလှမယ်ပြိုင်ပွဲကို ထိုင်းပင်လယ်ကမ်းစပ်မြို့ ပတ္တရားမှာ  ကျင်းပတာပါ။ 

ကမ္ဘာတဝန်းက လိင်ပြောင်းထားသူတွေကို စုစည်းထားတဲ့ ဒီပြိုင်ပွဲဟာ လိင်ပြောင်းအမျိုးသမီးတွေကို လူ့အဖွဲ့အစည်းက ပိုမိုလက်ခံလာစေရေး ကူညီပေးဖို့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စတင်ခဲ့တာပါ။

ထိုင်းနိုင်ငံကို အာရှမှာ လိင်တူချင်းချစ်ကြိုက်သူ၊ ကျားမ လိင်နှစ်မျိုးလုံးကို စုံမက်သူတွေနဲ့  လိင်ခွဲစိတ်ပြောင်းလဲထားသူတွေအတွက် အပွင့်လင်းဆုံးနဲ့ မြင်သာဆုံးသော နိုင်ငံအဖြစ် သတ်မှတ်ထားကြပါတယ်။ 

48 seconds Ago
Up