close

ဖိလစ်ပိုင်သမ္မတသစ်

close

July 1, 2022

ဖိလစ်ပိုင်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုချိန် တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဇွန် ၃၀ ရက်က မနီလာမြို့ရှိ ပလာဇာတစ်ခုမှာ ဆန္ဒပြခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေက မားကို့စ်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး အရင်အစိုးရတွေလက်ထက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြခဲ့ကြပါတယ်။ 

တခြား မားကို့စ်တယောက်က သမ္မတလုပ်ပြီး စစ်အုပ်ချုပ်ရေးကြောင့် ဒုက္ခရောက်ခဲ့ရသူတွေရဲ့ မျက်နှာကို ပါးဖြတ်ရိုက်ချလိုက်တာပဲ လို့လည်း ပြောကြတာပါ။ 

လက်ဟောင်း ဖာဒီနန်မားကို့စ်ဟာ ဖိလစ်ပိုင်နိုင်ငံကို ၁၉၆၅ ခုနှစ်ကနေ နှစ် ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တာပါ။ 

သူ ဖြုတ်ချခံရတဲ့ ၁၉၈၆ ခုနှစ် "ပြည်သူ့အာဏာ" တော်လှန်ရေးအတွင်း သူ့မိသားစုကို ပြည်နှင်ဒဏ်ခံရတဲ့ချိန်အထိ အာဏာကို ချုပ်ကိုင်ထားနိုင်စေဖို့ နိုင်ငံကို သက်တမ်း ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးအောက်မှာ ထားခဲ့ပါတယ်။ 

မားကို့စ်ရဲ့ အတိုက်အခံထောင်ပေါင်းများစွာဟာ သူ့လက်ထက်မှာ ထောင်သွင်းအကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း သို့မဟုတ် အစဖျောက်ခံရခြင်းတွေ ကြုံခဲ့ရတာပါ။ 

သူတို့မိသားစုရဲ့နာမည်ကို ကြားလိုက်တာနဲ့ ခရိုနီဝါဒ၊ အလွန်အကျွံ သုံးစွဲမှုနဲ့ နိုင်ငံတော် ဘဏ္ဍာတွေကနေ ဒေါ်လာဘီလီယံပေါင်းများစွာ ပျောက်ဆုံးမှုတွေ လို့ တထပ်တည်း အဓိပ္ပါယ်တူ ထင်မြင်ကုန်ကြပါတယ်။ 

မားကို့စ်မိသားစုကတော့ အလွဲသုံးစားလုပ်မှု စွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။  

4 mins Ago
Up