close

ဖိလစ်ပိုင်သမ္မတ

close

May 6, 2023

အမေရိကန်နှင့် ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်ဟု ဖိလစ်ပိုင်သမ္မတပြော

အမေရိကန်နဲ့ ဖိလစ်ပိုင် အစိုးရတွေကြား ဆက်ဆံရေးဟာ ပုံမှန်မိတ်ဖက် ဆက်ဆံရေး လမ်းကြောင်းပေါ် ပြန်ရောက်နေပြီလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက မေ ၄ ရက်မှာ ပြောလိုက်ပါတယ်။

ခုသီတင်းပတ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံခဲ့ပြီး ဝါရှင်တန်မြို့တော်ဆီ  အလည်အပတ် လာရောက်ချိန် အမေရိကန် တွေးခေါ်ပညာရှင်တစ်ဦးနဲ့လည်း မားကို့စ်က တွေ့ဆုံ ခဲ့ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ပြောင်းလဲလာဖို့ လိုအပ်တယ်လို့လည်း မားကို့စ်က ပြောပါတယ်။ 

တောင်တရုတ်ပင်လယ်မှာ စွမ်းအင်ရှာဖွေရေးအငြင်းပွားမှုမှာ ဖိလစ်ပိုင် အစိုးရနဲ့ တရုတ်နိုင်ငံတို့ ဟာ ဖြည်းဖြည်းချင်း အဖြေရှာဖို့ ကြိုးပမ်းနေတယ်လို့ မားကို့စ် ဂျူနီယာက  ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ တရုတ်နဲ့ နှစ်နိုင်ငံကြား ရေပိုင်နက် တင်းမာမှုတွေအတွက် တရုတ်ပြည်မကြီး အစိုးရနဲ့ အကျပ်အတည်းဖြေရှင်းရေး hotline တစ်ခု ထူထောင်ဖို့ လုပ်ဆောင် နေတယ်လို့ မားကို့စ်က ဆိုပါတယ်။ မကြာမီ ပေါ်ပေါက်လာဖို့ကိုလည်း သူက မျှော်လင့်ထား ပါတယ်။ 

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ၁၉၅၁ အပြန်အလှန် ကာကွယ်ရေးစာချုပ်အတွက် လမ်းညွှန်ချက်အသစ်တွေကို ဖိလစ်ပိုင်အစိုးရက တောင်းဆိုခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရက သူ့ရဲ့ ကာကွယ်ရေးဆိုင်ရာ အခြေအနေ​တွေကို ရှင်းလင်းပြောကြားဖို့ သဘောတူညီခဲ့ကြပါတယ်။

ဖိလစ်ပိုင်နဲ့ ကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက အာမခံ ထားပေမယ့် ဖိလစ်ပိုင်အစိုးရက မတူညီတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်ကို ထင်ဟပ်စေဖို့ နှစ် ၇၀ သက်တမ်းရှိပြီဖြစ်တဲ့ သဘောတူညီချက်ကို မွမ်းမံပြင်ဆင်ဖို့ လိုတယ်လို့ စောဒကတက် ခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်က အခုထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေထဲမှာ တောင်တရုတ်ပင်လယ် ဝန်းကျင်က ဘယ်နိုင်ငံကို မဆို လက်နက်ကိုင်တိုက်ခိုက်ရင် အပြန်အလှန် ကာကွယ်ရေး ကတိကဝတ်တွေ ထားမယ်လို့ အတိအကျဖော်ပြထားပါတယ်။ 

နောက်တစ်ခုက ကမ်းရိုးတန်းစောင့် ရေယာဉ်တွေဟာလည်း ကာကွယ်စောင့်ရှောက်ခံ စာရင်းထဲမှာ ပါဝင်တယ်လို့ သတ်မှတ်ထားပါတယ်။

အချိုးမညီတဲ့ ပေါင်းစပ်ထားပြီး ပုံမမှန်တဲ့ စစ်ပွဲတွေနဲ့ မီးခိုးရောင်ဇုန် နည်းဗျူဟာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ကြီးမားကျယ်ပြန့်တဲ့ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဖို့ တရုတ်ကမ်းခြေစောင့်တပ်နဲ့ ငါးဖမ်းသင်္ဘောတွေကို သုံးပြီး ပိတ်ဆို့တားဆီးတာ၊ ခြိမ်းခြောက်တာ၊ စွမ်းအင် ရှာဖွေရေးနဲ့ ငါးဖမ်းတာကို နှောင့်ယှက်တာအပါအဝင် စစ်ရေးနည်းလမ်းတွေကို ဖော်ပြရာမှာ “မီးခိုးရောင်ဇုန် နည်းဗျူဟာ” ဆိုတဲ့ စကားစုကို မကြာခဏ ဆိုသလို သုံးလေ့ ရှိပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ ကမ်းရိုးတန်း အစောင့်တပ်ကို သူ့ရေပိုင်နက်အတွင်း တရားဥပဒေနဲ့ အညီ ထိန်းသိမ်းထားပါတယ်။ 

3 mins Ago

May 4, 2023

ဖိလစ်ပိုင်သမ္မတ ပင်တဂွန်စစ်ဌာနချုပ်ဆီ အလည်အပတ်သွားရောက်

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်ဆီကို အလည်အပတ် ရောက်လာတဲ့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က မေလ ၃ ရက်က ကြိုဆိုချိန်မှာ ဖိလစ်ပိုင်နိုင်ငံကို ကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

“အမေရိကန်သမ္မတ ဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောထားတဲ့အတိုင်း ဖိလစ်ပိုင်နိုင်ငံရဲ့ ကာကွယ်ရေးအတွက် ကျနော်တို့ရဲ့ ကတိကဝတ်က မဖြိုဖျက်နိုင်ဘဲ ခိုင်မြဲနေတယ်” လို့ အော်စတင်က ပြောပါတယ်။

“အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ်ဟာ တောင်တရုတ်ပင်လယ်က ဘယ်နေရာမဆို အပါအဝင် ပစိဖိတ်ဒေသထဲက ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ကမ်းခြေစောင့်သင်္ဘောတွေ၊ အများသုံးရေယာဉ်တွေ ဒါမှမဟုတ် လေယာဉ်တွေကို လက်နက်ကိုင်တိုက်ခိုက်တာတွေပါ အကျုံးဝင်တယ်ဆိုတာ ထပ်ပြန်ပြောပါရစေ” လို့ အော်စတင်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်တွေက နှောင့်ယှက်တာကို ရင်ဆိုင်ရချိန်မှာ ဖိလစ်ပိုင်ဘက်ကနေ ရပ်တည်ဖို့ အမေရိကန်က သူ့ရဲ့ကတိကဝတ်ကို သက်တမ်းတိုးလိုက်ချိန်မှာ အော်စတင်က ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

တောင်တရုတ်ပင်လယ်မှာ အန္တရာယ်ရှိတဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ရန်လိုတဲ့ နည်းဗျူဟာတွေ ဆောင်ရွက်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်ကို ဧပြီ ၂၈ ရက်မှာ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

ဖိလစ်ပိုင်သင်္ဘောတွေက တမင်ရန်စတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်က ပြောပါတယ်။ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ အခိုင်အမာရပ်တည်မှုကို ပြန်လည်တွန်းလှန်ဖို့ နည်းလမ်းတွေရှာနေချိန်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးအတွက် ဆယ်စုနှစ်များစွာ သက်တမ်းရှိနေတဲ့ လုံခြုံရေးမဟာမိတ် ဖြစ်မှုကို မေလ ၁ ရက်က ထပ်အတည်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူဒါတေ လက်ထက်က အမေရိကန်အစိုးရကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ရှုတ်ချရင်း တရုတ်ကို မျက်နှာချိုသွေးခဲ့လို့ အမေရိကန်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေး ယိုယွင်းလာခဲ့ဖူးပါတယ်။

အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟားရစ်ဟာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ မေလ ၂ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။

တရုတ်က ဖိအားပေးခံနေရတဲ့ တောင်တရုတ်ပင်လယ်မှာ မဟာမိတ်ဖိလစ်ပိုင်ကို ကာကွယ်ရေးအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြဖို့ ကြိုးပမ်းခဲ့တာပါ။

မားကို့စ်က မကြာသေးမီက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကြောင့် “ခင်ဗျားစိုးရိမ်နိုင်သလောက် စိုးရိမ်နိုင်ပါတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို နှစ်နိုင်ငံစလုံး ပြန်လည်တွန်းလှန်ဖို့ ထိုင်ဝမ်နဲ့အတူ နည်းလမ်းတွေ ရှာဖွေနေချိန်မှာ နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ပြောင်းလဲသွားတဲ့ ခရီးစဉ်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့က လုံခြုံရေးမဟာမိတ်ကို ထပ်အတည်ပြုပါတယ်။

ခေါင်းဆောင်တွေဟာ ပိုခိုင်မာတဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ချက် အသစ်တွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ သဘောတူမယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

2 days Ago
Up