close

ဖိအား

close

November 7, 2021

နည်းပြဆိုးလ်ရှား ကြီးမားသည့်ဖိအားရှိသွားပြီဟု ရွိုင်ကိန်းနှင့် နဗီးလ် သုံးသပ်

မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၂ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ပြီးနောက် နည်းပြဆိုးလ်ရှားမှာ ကြီးမားတဲ့ ဖိအားရှိသွားပြီလို့  ရွိုင်ကိန်းနဲ့ နဗီးလ် တို့က သုံးသပ်ပါတယ်။ ၏

နည်းပြဆိုးလ်ရှားဟာ လီဗာပူးကို ၅ ဂိုး ဂိုးမရှိနဲ့ရူံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာကတည်းက ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်ခဲ့ပေမယ့်  စပါးနဲ့ အက်တလန်တာပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေရခဲ့ပါတယ်။ 

မန်စီးတီးနဲ့ပွဲကိုရှုံးနိမ့်ခဲ့တာက လီဗာပူးနဲ့ ပွဲထက် ပိုဆိုးပြီး ဖိအားပိုရှိလာတာဖြစ်တယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။ 

လုခ်ရှော၊ မက်ဂွိုင်ယားနဲ့ ဖရက်ဒ်တို့ရဲ့ခြေစွမ်းအပေါ်ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး သူတို့ကို အားကိုးပြီး ရလဒ်ကောင်းတစ်ခု မျှော်လင့်နေမယ်ဆိုရင်တော့ ဒုက္ခတွေ့နိုင်တယ်လို့ ရွိုင်ကိန်းက ဝေဖန်ပါတယ်။ 

နည်းပြဆိုးလ်ရှား အနေနဲ့လည်း ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်ပြီး ပိုကောင်းတဲ့ရလဒ်ရယူနိုင်ဖို့ လိုအပ်ကြောင်း ရွိုင်ကိန်းက  ပြောပါတယ်။ 

နဗီးလ်ကတော့ မနှစ်ကအထိ ယူနိုက်တက်အသင်းက တိုးတက်နေဆဲ အသင်းလို့ ထင်မှတ်ခဲ့ပြီး ဒီလိုခြေစွမ်းကျဆင်းသွားလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ကြောင်း၊ နည်းပြဆိုးလ်ရှားအတွက် အလွန်ကြီးမားတဲ့ ဖိအားတွေရှိနေပြီဖြစ်ကြောင်း နဗီးလ်က သုံးသပ်ခဲ့ပါတယ်။ 

1 min Ago
Up