close

ဖိုဒမ်

close

October 15, 2022

ဘောလုံးကောက်သူဘဝကနေ မန်စီးတီးအသင်းနှင့် နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အပေါ် ဖိုဒမ်ဂုဏ်ယူ

ဘောလုံးကောက်ပေးရတဲ့ကောင်လေးဘဝကနေ မန်စီးတီးနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့အပေါ် ဂုဏ်ယူကျေနပ်မိကြောင်း တိုက်စစ်မှူးဖိုဒမ်က ပြောပါတယ်။

အင်္ဂလန် တိုက်စစ်ကစားသမား ဖိုဒမ်ဟာ ငယ်စဉ်ကတည်းက မန်စီးတီးအသင်းရဲ့  အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသင်းအတွက် ဘောလုံးကောက်ပေးခဲ့ဖူးသလို အသင်းရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်ခဲ့သူပါ။

အဲဒီလို ဘဝတစ်လျှောက်လုံးမန်စီးတီးနဲ့ ပတ်သက်ခဲ့တဲ့ ဖိုဒမ်ဟာ အသင်းနဲ့ ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ ဆက်ရှိတော့မှာပါ။

“စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လောက် ပျော်ရွှင်ရသလဲဆိုတာ ဖော်ပြဖို့ခက်ခဲပါတယ်။ ဒါက အိပ်မက်တွေအမှန်တကယ်ဖြစ် လာခဲ့တာပေါ့။  ကျနော့်ဘဝတစ်လျှောက်လုံး စီးတီးပရိသတ်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒီအသင်းမှာ အချိန်ကြာမြင့်စွာ လေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့သလို ဘောလုံးကောက်ပေးရတဲ့ ချာတိတ်တစ် ယောက် အနေနဲ့လည်း လုပ်ပေးခဲ့ဖူးတယ်။ ဒီအသင်းကိုကျနော်ချစ်တယ်။ ၂၀၂၇ ခုနှစ်အထိ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဆက်ရှိသွားမယ့် ခံစားချက်က အံ့အားသင့်စရာကောင်းတယ်”လို့ ဖိုဒမ်က ပြောပါတယ်။

အသက် ၂၂ နှစ်ရှိ ဖိုဒမ်ဟာ အခုနှစ်ရာသီ ၁၃ ပွဲ ကစားအပြီးမှာ ၇ ဂိုးသွင်းယူကာ ခြေစွမ်းပြနေပါတယ်။ 

14 mins Ago

September 8, 2020

အင်္ဂလန်အသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် ဖိုဒမ်နှင့် ဂရင်းဝုဒ်တို့ တောင်းပန်

အင်္ဂလန်အသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဖိုဒမ်နဲ့ ဂရင်းဝုဒ်တို့ဟာ အသင်းကို တောင်းပန်စကားဆိုခဲ့တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။ သူတို့နှစ်ဦးဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်တာလို့ နည်းပြ ဆောက်ဂိတ်က ပြောခဲ့ပေမယ့် အမျိုးသမီးတွေကို ဟိုတယ်ခေါ်ပြီး ပျော်ပါးခဲ့တာကြောင့်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။  ဖိုဒမ်နဲ့ ဂရင်းဝုဒ်တို့ဟာ စက်တင်ဘာ ၅ ရက်က အိုက်စလန်နဲ့ ကစားခဲ့ပြီးနောက် အသင်း နေထိုင်ရာဟိုတယ်ကို အမျိုးသမီးတွေကို ခေါ်ခဲ့ပြီး အဲဒီအမျိုးသမီးတွေက စနက်ချက် လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေ တင်ခဲ့တယ်လို့ သိရပါတယ်။  နည်းပြဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်း ငှားရမ်းထားတဲ့အခန်းတွေမှာ အဲဒီလို ဖြစ်ခဲ့တာမျိုးမရှိကြောင်း ငြင်းဆိုခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဖိုဒမ်နဲ့ ဂရင်းဝုဒ်တို့နဲ့ ဆွေးနွေးခဲ့ပြီး သူတို့ဘက်က တောင်းပန်စကားလည်း ဆိုခဲ့တယ်လို့ နည်းပြဆောက်ဂိတ်က ပြောပါတယ်။
2 years Ago
Up