close

ဖိုဖန်နာ

close

August 12, 2022

နောက်ခံလူ ဖိုဖန်နာအတွက် ချဲလ်ဆီး၏ ကမ်းလှမ်းမှုမလုံလောက်ဟု ရော်ဂျာပြော

နောက်ခံလူ ဖိုဖန်နာအတွက် ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းချက်တွေဟာ လုံလောက်မှုမရှိသေး ကြောင်း လက်စတာနည်းပြ ရော်ဂျာက ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်စတာမှာ ခြေစွမ်းပြနေတဲ့ ပြင်သစ်ဗဟိုနောက်ခံလူ ဖိုဖန်နာကို ခေါ်ယူဖို့ ကမ်းလှမ်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေသေးတာပါ။

အသက်၂၁ နှစ်ရှိ နောက်ခံလူဟာ ပြီးခဲ့တဲ့ မတ်လကမှ လက်စတာနဲ့  ၅ နှစ် စာချုပ် ချုပ်ဆိုထားတာပါ။

လက်စတာအသင်းဟာ ဖိုဖန်နာအတွက် စတာလင်ပေါင်သန်း ၈၀ အထိ သတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဒုတိယအကြိမ်ကမ်းလှမ်းတဲ့ ပေါင် ၆၅ သန်းနဲ့ ဈေးမတည့်သေးပဲ ဖြစ်နေရတာပါ။ 

ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ၂ ကြိမ်ကို နည်းပြရော်ဂျာကလည်း အတည်ပြုခဲ့ပြီး လိုချင်တဲ့ဈေး မရဘူးဆိုရင် ရောင်းချမှာမဟုတ်ကြောင်း ပြောပါတယ်။

လက်စတာဘက်ကတောင်းဆိုတဲ့ ပေါင်သန်း ၈၀ ဟာ နောက်ခံလူတယောက်အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်နေပြီး ချဲလ်ဆီးဘက်ကထပ်မံ ကမ်းလှမ်းမလားဆိုတာ မသိရသေးပါဘူး။ 

1 min Ago
Up