close

ဖုန်းခေါ်ဆိုခ

close

December 4, 2021

အင်တာနက် မိုဘိုင်းဒေတာစျေးနှုန်းနှင့် ဖုန်းခေါ်ခများ တိုးကောက်ရန် စစ်ကောင်စီ ညွှန်ကြား

ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ အင်တာနက် မိုဘိုင်းဒေတာစျေးနှုန်းတွေနဲ့ ဖုန်းခေါ်ဆိုခတွေကို  ဒီဇင်ဘာ ၇ ရက်က စတင်တိုးမြှင့်တင်ဖို့  စစ်ကောင်စီကနေ ညွှန်ကြားထားတယ်လို့ တယ်လီကွန်းကုမ္ပဏီတွေကနေ သုံးစွဲသူတွေဆီကို အသိပေးလာပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ မိုဘိုင်းဒေတာအင်တာနက်နဲ့ ဖုန်းခေါ်ဆိုမှု စျေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်သွားမယ်လို့ တယ်လီနောက ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်သလို အော်ရီဒူးနဲ့ အမ်ပီတီကလည်း သုံးစွဲသူတွေဆီ စာတိုမတ်ဆေ့ ပေးပို့အကြောင်းကြားလာပါတယ်။

စျေးနှုန်းတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ တရားဝင်မပြောထားပေမဲ့ မိုဘိုင်း ဒေတာ စျေးနှုန်းတွေဟာ အနည်းဆုံး နှစ်ဆကျော် တိုးမြှင့်သွားဖွယ်ရှိတယ်လို့ တယ်လီကွန်း ကုမ္ပဏီတွေထံက သိရပါတယ်။

အခုလို အင်တာနက် မိုဘိုင်းဒေတာ ဈေးနှုန်းတိုးမြှင့်မယ့်အပေါ် မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေလည်း အခုရက်ပိုင်းအတွင်း မြင့်တက်နေပါတယ်။

ဖုန်းခေါ်ဆိုမှုနဲ့ ဒေတာစျေးနှုန်းအပြောင်းအလဲကို အမ်ပီတီ၊ အော်ရီဒူးနဲ့ တယ်လီနော ကုမ္ပဏီတွေက အသိပေး အကြောင်းကြားထားပေးမယ့် စစ်တပ်ပိုင် မိုင်တယ်လ်ဘက်ကတော့ အကြောင်းကြားခြင်း မရှိသလို စုံစမ်းမေးမြန်းလို့လည်းမရဘူးလို့ သုံးစွဲသူတချို့ ပြောကြပါတယ်။

NB Mobile Data Price

1 min Ago
Up