close

ဖုန်းဆိုင်

close

April 4, 2023

ရန်ကုန်မြို့လယ်တွင် ဖုန်းဆိုင် လုယက်ခံရပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုးပါသွား

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ၉ ရပ်ကွက်၊ လမ်း ၄၀ အလယ်ဘလောက်ရှိ Kaung Lay ဖုန်းဆိုင်ကို ဧပြီ ၃ ရက် မနေ့ မနက် ၁၁ နာရီကျော်လောက်မှာ အမျိုးသားသုံးယောက်က  ဓား၊ သေနတ်တွေကိုင်ဆောင် ဝင်ရောက်လုယက်ခဲ့လို့ ကျပ် သိန်း ၂၀၀ ဖိုးလောက် ပါသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

လမ်း ၄၀ အလယ်ဘလောက် ပထမထပ်မှာဖွင့်ထားတဲ့ Kaung Lay ဖုန်းဆိုင်ကို မနေ့မနက်  ၁၁ နာရီကျော်က အမည်မသိအမျိုးသားသုံးယောက်ရောက်လာပြီး ဆိုင်ရှင်ဖြစ်သူနဲ့ အမျိုးသမီးတယောက်ကို သေနတ်နဲ့ချိန်ကာ ဓားနဲ့ထောက်ပြီး ပါးစပ်ကိုတိတ်နဲ့ပိတ်ကာ လက်ပြန်ကြိုးတုပ်လို့ အိုင်ဖုန်း ၁၄ လုံးနဲ့ ငွေကျပ် သိန်း ၅၀ ယူသွားတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဆိုင်ပိုင်ရှင်နဲ့အမျိုးသမီးတစ်ဦးကို ကြိုးတုပ်ပြီး ဆိုင်က ငွေသိန်းငါးဆယ်နဲ့အိုင်ဖုန်း ၁၄ လုံးယူသွားတာ အားလုံးပေါင်းရင် သိန်းနှစ်ရာနီးပါးရှိတယ်။ လုသွားတဲ့သူကိုတော့ မမိဘူး။”

လမ်း ၄၀ နဲ့အနီးမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ အမြဲရှိပြီး အခုလိုလုယက်ခံရတာဟာ မြို့လယ်ခေါင်တွေနေသူအနေနဲ့ လုံခြုံမှု မရှိတော့သလို ခံစားရတယ်လို့ လမ်း ၄၀ မှာနေသူတစ်ဦးက ပြောပါတယ်။

လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်လာပြီး Kaung Lay ဖုန်းဆိုင်ကို စစ်ဆေးခဲ့ပေမဲ့ ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

လက်တလောမှာ ဆိုင်ရှင်က ကျောက်တံတားမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူတွေကို အမှုဖွင့် ထားပါတယ်။

လမ်း ၄၀ မှာနေသူတစ်ဦးက "၃၆ နဲ့ အနီးတဝိုက်မှာ စစ်သားနဲ့ရဲ အမြဲရှိတယ် တရားရုံးမှာလည်း စစ်သားတွေ ရဲတွေရှိတယ်။ ဒီလိုနေရာနှစ်ကြားမှာပေါ်တင်ဝင်လုပြီး အေးဆေးထွက်ပြေးသွားတာက မြို့ထဲနေသူတွေအဖို့ ဆိုင်လုံခြုံရေးထပ်ခေါ်ဖို့ သတိပေးလိုက်တာပဲ"လို့ ပြောပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ခိုး၊ ဆိုး၊ လုယက်မှုတွေ နေ့စဥ်နဲ့အမျှဖြစ်နေပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

7 mins Ago

November 30, 2022

မန္တလေးမြို့ ၌ ဖုန်းဆိုင်တဆိုင် အနုကြမ်းစီးခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀၊ ၇၉ လမ်းနဲ့ လမ်း ၈၀ ကြားရှိ ဖုန်းဆိုင်တဆိုင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲလောက်က အနုကြမ်းစီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနုကြမ်းစီးခံရတဲ့ဆိုင်ဟာ pro 7 ဖုန်းဆိုင်ဖြစ်ပြီး လူ ၃ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ကာ ဖုန်းတွေကို အနုကြမ်းစီး လုယူသွားတယ်လို့ ဆိုပါတယ်။

အနုကြမ်းစီးခံရတဲ့အတွက် ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ဖုန်းအလုံး ၄၀ ကျော် ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

အောက်တိုဘာ ၂၅ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်အနောက်ဘက်ရှိ ဖုန်းဆိုင် အနုကြမ်းစီးခံခဲ့ရပြီး သိန်း ၇၀၀ ဝန်းကျင်တန်ဖိုးရှိ ဖုန်းတွေ လုယူခံခဲ့ရပါတယ်။

4 months Ago
Up