close

ဖူဟန်

close

March 20, 2023

မန်ယူအသင်း ဖူဟန်ကိုနိုင်ပြီး ဆီမီးတက်၊ အနီကတ်ကြောင်း မပြောလိုပေမဲ့ လက်ထိဘောဆိုတာ လူတိုင်းမြင်ကြောင်း တန်ဟတ်ဂ် ပြော

ဖူဟမ်အသင်းရဲ့အနီကတ်ပြစ်ဒဏ်တွေအကြောင်းမပြောလိုပေမဲ့ လက်ထိဘောဆိုတာကတော့ လူတိုင်း သိမြင်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညကကန်သွားတဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဖူဟမ်အသင်းကို မိနစ် ၇၀ ကျော်တဲ့အထိ တစ်ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်နေချိန် ဖူဟမ်ကွင်းလယ်လူ ဝီလီယံက ပင်နယ်တီဧရိယာထဲမှာ လက်နဲ့ တားခဲ့တာကြောင့် အနီကတ်ပြသခံရပြီး ပင်နယ်တီပါပေးခဲ့ရတာပါ။

အဲဒီနောက် ဖူဟမ် နည်းပြမာကိုဆေးလ်ဗားနဲ့ တိုက်စစ်မှူးမီထရိုဗစ်တို့ဟာလည်း ကွင်းလယ်ဒိုင်အပေါ် စောဒက်တက်မှုနဲ့ တွန်းထိုးမှုတွေကြောင့် တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပယ်ခံခဲ့ရတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ဖူဟမ်အသင်းပြသခံခဲ့ရတဲ့အနီကတ်တွေကြောင်း မပြောလိုပေမဲ့ အလွန်ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ဖြစ်ခဲ့ပြီး လက်ထိဘောဖြစ်ခဲ့တာကို အားလုံးသိမြင်နိုင်ကြောင်း ပွဲအပြီးမှာပြောပါတယ်။

မန်ယူအသင်းဟာ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဆာဘစ်ဇာရဲ့ သွင်းဂိုတစ်ဂိုးတွေနဲ့အတူ ၃ ဂိုး ၁ဂိုး နဲ့ အနိုင်ရပြီး အက်ဖ်အေဖလားဆီမီးတက်ခဲ့တာပါ။

ဆီမီးမှာတော့ ဘရိုက်တန်အသင်းနဲ့ လာမယ့် ဧပြီ၂၂ရက်မှာ ဝင်လလေကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားကတော့ ဒီပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် ခရစ္စကာဗနော့ချ်ရဲ့ ဆုံးဖြတ်ချက်တွေကို နားလည်ဖို့ ခက်ခဲကြောင်း ပြောသွားပါတယ်။

ဒိုင်လူကြီး ကာဗနော့ဗ်ဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ရှင်းလင်းတဲ့ လက်ထိဘော နှစ်ကြိမ်ကို ပြစ်ဒဏ်ဘောမပေးခဲ့တဲ့အတွက် မှားယွင်းဆုံးဖြတ်ခဲ့ကြောင်း တောင်းပန်ခဲ့သလို လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေပွဲမှာလည်း အမှားအယွင်းရှိခဲ့တယ်လို့ ဖူဟမ်နည်းပြ ဆေးလ်ဗားက ပြောပါတယ်။

မန်ယူနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းမှာ ပင်နယ်တီနှစ်ကြိမ်ရရှိနိုင်တဲ့ဖြစ်ရပ်တွေကို VAR နဲ့ ပြန်လည်စစ်ဆေးခြင်းမရှိခဲ့ကြောင်း၊  ပင်နယ်တီမပေးခင်အထိ ဖူဟမ်အသင်းက အကောင်းဆုံးအသင်းဖြစ်ခဲ့ကြောင်း နည်းပြဆေးလ်ဗားက ပြောပါတယ်။

တိုက်စစ်မှူး မီထရိုဗစ်အနေနဲ့တော့ စိတ်ခံစားချက်ကို ထိန်းနိုင်ဖို့ကြိုးပမ်းရမှာဖြစ်ပေမဲ့ တခါတလေမှာတော့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲကြောင်းဖူဟမ်နည်းပြ ဆေးလ်ဗားက ပြောသွားပါတယ်။

8 mins Ago

January 21, 2021

မန်ယူနိုက်တက်က ဖူဟန်ကို (၂-၁)ဂိုးဖြင့်နိုင်၊  ပေါ့ဘာ၏ခြေစွမ်းကို ဆိုးလ်ရှား ချီးကျူး

မနေ့ညက ကန်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီးနောက်  ကွင်းလယ်ကစားသမား ပေါ့ဘာရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့  ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချီးကျူးပြောဆို လိုက်ပါတယ်။  ဒီရာသီအစပိုင်းမှာ ပေါ့ဘာဟာ ဒဏ်ရာကြောင့် ပွဲထွက်ခွင့် နည်းပါးခဲ့သလို ကိုရိုနာ ဗိုင်းရပ်စ်ပါ ကူးစက်ခံခဲ့ရတာ ကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့သီတင်းပတ်တွေကစလို့ သူဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမား တစ်ဦးအဖြစ် ပြန်လာနိုင်ခဲ့ပါတယ်။  မနေ့ညက ပွဲစဉ် ပထမပိုင်း ၅ မိနစ်မှာပဲ ဖူဟန်အတွက် အဖွင့်ဂိုးကို လွတ်ခ်မန်းက သွင်းယူပေးခဲ့ပြီး မိနစ် ၂၁ မှာတော့ မန်ယူအတွက် ချေပဂိုးကို ကာဗာနီက သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ တဖက်တစ်ဂိုးစီသရေကျနေခဲ့တာပါ။ မန်ယူအတွက် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၅ မိနစ်မှာ ပေါ့ဘာက ဘယ်ခြေ ကန်ချက်နဲ့သွင်းယူပေးခဲ့ပါတယ်။  သူဟာ ၅ ပွဲဆက်တိုက် ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ၂ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။  ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေပြီး ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဆိုးလ်ရှားက ပေါ့ဘာကို ချီးကျူး ပြောဆို သွားခဲ့ပါတယ်။  “ကျနော်အရင်က ပြောခဲ့သလိုပဲ ကွင်းထဲမှာ ပေါ့ဘာ မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ သူဟာ ကွင်းလယ်မှာ ခြေစွမ်းပြနိုင်ခဲ့သလို၊ အခွင့်အရေးတွေ ဖန်တီးပြီး ကန်ချက်တွေကိုလည်း ပြသ နိုင်ခဲ့ပါတယ်။ ဒီနေ့ခြေစွမ်းကြောင့် သူဟာ ကွင်းလယ်မှာ သင့်တော်တဲ့ ကစားသမား တစ်ဦးလို့ ခံစားခဲ့ရပြီး သူ့ရဲ့ ဘယ်ခြေကန်ချက်ဟာလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူ တကယ်ကို ပြန်လာနိုင်ခဲ့ပါပြီ။ သူ့ ကြံ့ခိုင်ရေးကလည်း အကောင်းဆုံးပုံစံမှာရှိနေပြီး နေရာစုံမှာ ကစားနိုင်ခဲ့ ပါတယ်။ သူတကယ်ကို ကောင်းခဲ့ပါတယ်”  ဒီနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ သူတို့ရဲ့ နောက်ဆုံးလိဂ်ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ရှိနေကြောင်းကို ပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ၂၀၁၂-၂၀၁၃ ရာသီနောက်ပိုင်း ပထမဆုံးသော လိဂ်ဖလားကို ရရှိဖို့ အလားအလာအကောင်းဆုံး အခြေအနေမှာ ရှိနေပေမယ့် ဆိုးလ်ရှားကတော့ ချန်ပီယံဖြစ်ဖို့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို တတ်နိုင်သလောက် မပြောဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ 
2 years Ago
Up