close

ဖောက်ခွဲတိုက်ခိုက်ခံရမှု

close

September 3, 2022

ကိုလံဘီယာတွင် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိ ၈ ဦး သေဆုံး

ကိုလံဘီယာအနောက်ပိုင်းမှာ စက်တင်ဘာ ၂ ရက်က ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှုမှာ ရဲအရာရှိ ၈ ဦး သေဆုံးခဲ့တယ်လို့ သမ္မတ ပီထရို က ပြောပါတယ်။ 

ဒါဟာ နိုင်ငံရဲ့ နှစ် ၆၀ နီးပါးကြာ ပဋိပက္ခကို အဆုံးသတ်မယ်လို့ ကတိပြုထားတဲ့ သမ္မတ ပီထရို တက်လာပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ အသေအပျောက်အများဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။ 

သေဆုံးသူတွေရဲ့ မိသားစုတွေကို စောင့်ရှောက်ပေးနိုင်ဖို့ အစိုးရက တာဝန်ယူဆောင်ရွက်ပေးမယ်လို့  ပီထရို က ပြောပါတယ်။ 

ကိုကင်းနဲ့ ရွှေမှောင်ခိုရောင်းဝယ်မှုကနေ အရင်းခံဖြစ်လာတဲ့ နိုင်ငံတွင်း အကြမ်းဖက်မှု ပမာဏကို လည်း စိတ်မကောင်းကြောင်း ပြောပါတယ်။ 

အရာရှိတွေ လိုက်ပါလာတဲ့ယာဉ်ဟာ ဖောက်ခွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးခဲ့တာလို့ ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

သမ္မတ ပီထရိုက တိုက်ခိုက်မှုကျူးလွန်သူကို နာမည်ဖော် မပြောခဲ့ပေမယ့် လုံခြုံရေး သတင်းရင်းမြစ်တွေအရ ဒီနယ်မြေထဲမှာ လှုပ်ရှားနေတဲ့ ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) သူပုန်တွေရဲ့ အခုလက်ရှိ အဖွဲ့ကွဲသွားတဲ့ အတိုက်အခံတွေလို့ သိရပါတယ်။ 

M-19 ပြောက်ကျားအဖွဲ့ဝင်ဟောင်း ပီထရိုဟာ လက်ဝဲဝါဒီ ELN သူပုန်တွေနဲ့ ဆွေးနွေးပွဲများ ပြန်လည်စတင်တာ၊ FARC ပြောက်ကျား တိုက်ခိုက်ရေးသမားဟောင်းတွေဆီ ကမ်းလှမ်းခဲ့ဖူးတဲ့ ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကျင့်သုံးတာနဲ့ ရာဇ၀တ်ဂိုဏ်းတွေကို လက်နက်ချဖို့ ညှိနှိုင်းပြီး ပြစ်ဒဏ်လျှော့ပေါ့ပေးတာတွေလုပ်ပြီး အလုံးစုံငြိမ်းချမ်းရေးကို ဖော်ဆောင်မယ်လို့ ကတိပြုထားပါတယ်။ 

3 hours Ago
Up