close

ဖောက်ခွဲဖျက်ဆီးမှု

close

June 7, 2021

ပြည်သူထိခိုက်မည့်ဖောက်ခွဲဖျက်ဆီးမှုများ မလုပ်ဟု ဒီပဲယင်း PDF ကြေညာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (D PDF)က  လူထု ထံ အသိပေးပန်ကြားလွှာ တစ်စောင်ကို ဇွန် ၇ ရက်‌ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုအခါမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရုံးတွေ၊ ဈေးတွေကို ဖောက်ခွဲ ဖျက်ဆီးတာတွေ ရှိနေတာဖြစ်လို့ ပြည်သူလူထုအနေနဲ့ D PDF အပေါ် ထင်ယောင်ထင်မှားဖြစ်မှာ စိုးရိမ်တဲ့အတွက် အခုလို ပန်ကြားလွှာထုတ်ပြန်တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူကြား သွေးကွဲစေဖို့ ရည်ရွယ်ပြီး စစ်ကောင်စီဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာနိုင်လို့ အများပြည်သူနဲ့ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေး စတဲ့နေရာတွေကို အသွားအလာ ဆင်ခြင်ကြဖို့နဲ့ ထုတ်ပြန်လိုက်တာပါ။

ဒါ့အပြင် အဲဒီနေရာတွေမှာ ပြည်သူလူထု အန္တရာယ်ရှိနိုင်လောက်တဲ့ တိုက်ခိုက်ဖျက်ဆီးမှု တွေရှိခဲ့ပါက D PDF နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိပါကြောင်းလည်း ထည့်သွင်းရေးသားထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း နီးစပ်ရာ ထူးခြားဖြစ်စဉ်တွေကို အချိန်နဲ့တပြေးညီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို သတင်းပေးပို့ကြဖို့လည်း D PDF ကတိုက်တွန်းထားပါတယ်။

ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  D PDF ကို မေ ၂၈ ရက်က ဖွဲ့စည်းထားတာ ဖြစ်ပြီး ဒေသတွင်း ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

12 hours Ago
Up