close

ဖောက်ခွဲရေး

close

March 25, 2023

တော်လှန်ရေးအောင်ပွဲအတွက် KNDF ဖောက်ခွဲရေးနှင့် ထုတ်လုပ်ရေးနည်းပညာဌာနကို ထောက်ပံ့ ကူညီနိုင်ရန် ဖိတ်ခေါ်

မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ ကရင်နီဒေသက တပ်ရင်းတွေအတွက် ဖောက်ခွဲရေးနဲ့ထုတ်လုပ်ရေးနည်းပညာဌာန (KNDF -ETD) မှာ ထုတ်လုပ်ရေး စရိတ်လိုအပ်ချက်တွေ ရှိနေပြီး ငွေးကြေးအရ ရေရှည် စဉ်ဆက်မပြတ် ထည့်ဝင်ကူနိုင်မယ့် ပြည်သူတွေကို ဖိတ်ခေါ်နေပါတယ်။

“ကရင်နီတော်လှန်ရေးရဲ့ တိုက်ပွဲတွေတိုင်းမှာ ကျနော်၊ ကျမတို့ရဲ့ ဖောက်ခွဲရေးနဲ့ ထုတ်လုပ်ရေးနည်းပညာဌာန (KNDF -ETD) က အမြဲအသင့်ရှိနေပါတယ်။  စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကို တန်ပြန်ခုခံနိုင်ဖို့လိုအပ်တဲ့ တိုက်ခိုက်ရေးပစ္စည်းတွေကို ဌာနအဖွဲ့သားတွေရဲ့ ဥာဏ်အား၊ လုပ်အားနဲ့ ထုတ်လုပ် တပ်ဆင် တိုက်ပွဲဝင်ပါတယ်။ ဌာနအနေနဲ့ လတ်တလောမှာ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီနယ်တွေမှာ  ထိရောက်စွာ ထောက်ကူပြု တိုက်ပွဲဝင်လျှက် ရှိပါတယ်။ တိုက်ပွဲကာလ ကြာရှည်လာတာနဲ့အမျှထုတ်လုပ်ရေးစရိတ်လိုအပ်ချက်လည်း ရှိလာပါတယ်။ ငွေးကြေးအရ ရေရှည် စဉ်ဆက်မပြတ် ထည့်ဝင်ကူနိုင်မယ့် တော်လှန်ရေးမိတ်ဆွေတွေကို လိုအပ်လျှက်ရှိပါတယ်။”

လတ်တလော ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာတော့ မတ် ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ၄ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒေါတမကြီးကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ကြတာဖြစ်ပါတယ်။

 KNDF ဘက်က ရဲဘော် ၂ ယောက်အပါအဝင် ၊ KA က ရဲဘော် ၂ ယောက် ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထား မယ်လို့ ဆိုပါတယ်။

လတ်တလော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာတာကြောင့် ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်တွေဘက်ကကနေ နေ့စဥ် လက် နက်ကြီးတွေ ပစ်ကူခဲ့တဲ့အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယာဉ်တွေနဲ့လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေ လေ ကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုတွေအပြင် မီးရှို့မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ခုခံစစ်ကနေ ထိုးစစ်ဆင်နိုင်တဲ့ တိုက်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဖော်ဆောင်နိုင်ဖို့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူတွေအနေနဲ့ အလေးနက်ထား အကူအညီပေးကြဖို့လည်း  တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီဒေသက တပ်ရင်းတွေအတွက် ဖောက်ခွဲရေးနဲ့ထုတ်လုပ်ရေးနည်းပညာဌာန (KNDF -ETD) ကို ထောက်ပံ့ကူညီလိုပါက ဖော်ပြပါ တရားဝင် ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ -https://www.facebook.com/profile.php?id=100090653178391 ကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

4 mins Ago

June 13, 2021

EAOs အချို့ မိုင်းထောင်ဖောက်ခွဲရေးလုပ်ရန် သင်ကြားပေးနေဟု စစ်ကောင်စီ စွပ်စွဲ

မြန်မာနိုင်ငံတွင်းမှာ စာသင်ကျောင်းတွေအပါအဝင် အများပိုင်အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ မိုင်းထောင် ဖောက်ခွဲရေးတွေလုပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင် (EAOs) အဖွဲ့ တချို့က အတိုက်အခံတွေကို လေ့ကျင့်သင်ကြားပေးနေတယ်လို့ စစ်ကောင်စီက  စွပ်စွဲပြောကြားလိုက်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က  နိုင်ငံတော်အာဏာကို မတရား သိမ်းယူပြီးနောက် ခုချိန်အထိ အုပ်ချုပ်ရေးအာဏာတည်စေဖို့ ရုန်းကန်နေရပြီး ဗုံးပေါက်ကွဲမှုတွေကလည်း နေ့စဉ်လိုလို ဖြစ်နေတာပါ။

သင်တန်းပေးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ကနေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စွပ်စွဲပြောဆိုသွားတာပါ။

“EAOs  အဖွဲ့တချို့အနေနဲ့ ၄င်းတို့ သင်ကြားပေးလိုက်တဲ့ မိုင်းဖောက် မိုင်းခွဲ သင်ခန်းစာတွေကို သုံးပြီး စာသင်ကျောင်းတွေ၊ အများပိုင်၊ ပြည်သူပိုင် အဆောက်အအုံတွေကို ဖောက်ခွဲဖျက်ဆီးနေကြတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ အဖွဲ့အားလုံးမဟုတ်ဘဲ အဖွဲ့အချို့ထဲကမှ တပ်မဟာ သို့မဟုတ် တပ်ရင်းအဆင့်တချို့ဟာ ဒီအကြမ်းဖက်အားပေးတဲ့ လုပ်ရပ်တွေကို လုပ်နေကြကြောင်း ကျနော်တို့ အသိပေးလိုပါတယ်”လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ လေ့ကျင့်သင်ကြားပေးထားသူတွေနဲ့  လက်နက်ပစ္စည်းကိရိယာတွေကို ဖမ်းဆီးရမိတာကနေ  ဒီသတင်းအချက်အလက်တွေကို ရရှိတာလို့လည်း စစ်ကောင်စီကပြောပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ပြန်လည် တုံ့ပြန်ကြေညာတာ မရှိသေးပါဘူး။

2 years Ago
Up