close

ဖောက်ထွင်းဝိဇ္ဇာ

close

January 28, 2023

ဂျပန်နိုင်ငံသား ဖောက်ထွင်းဝိဇ္ဇာ ဖိလစ်ပိုင်တွင် ဖမ်းခံရ

ဂျပန်နိုင်ငံသားဖောက်ထွင်းဝိဇ္ဇာတဦးဟာ ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖမ်းဆီးခံထားရပြီး ထိန်းသိမ်းခံထားရချိန်အတွင်းမှာတောင် ဂျပန်နိုင်ငံမှာ ဖောက်ထွင်းမှုတွေကို ဆက်တိုက်လုပ်ဖို့ သူ့ရဲ့ တပည့်တပန်းတွေကို အမိန့်ပေးညွှန်ကြားနေတယ်လို့ ဂျပန်မီဒီယာတွေမှာ ဖော်ပြပါတယ်။ 

“Luffy” လို့ အမည်ရတဲ့ ကွင်းဆက်အမှုတွေရဲ့ ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံ ရပြီးနောက် ဖိလစ်ပိုင်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ရှိနေကြောင်း တရားရေးဝန်ကြီးကို ကိုးကားပြီးတော့ ကျိုဒိုသတင်းက ရေးပါတယ်။ 

Luffy ဟာ ထောင်ကျနေချိန်အတွင်းမှာ တယ်လီဂရမ်ကနေ ကုဒ်ဝှက်ထားတဲ့ မက်ဆေ့ချ်တွေပေါ်ကတဆင့်  သူ့ရဲ့ တပည့်တွေကို ဓားပြတိုက်ခိုင်းနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ဒီလူဟာ ၂၀၂၂ ခုနှစ် နှောင်းပိုင်းက တိုကျိုမြို့ဆင်ခြေဖုံး၊ တိုကျိုမြို့ နာကာနို ရပ်ကွက်နဲ့ ဟီရိုရှီးမားတို့မှာ ဖောက်ထွင်းမှုတွေလုပ်ဖို့ အမိန့်ပေးခဲ့တာတွေအတွက် တာဝန်ရှိတဲ့သူ ဖြစ်နိုင်တယ်လို့ နိပွန် ရုပ်မြင်သံကြားက သတင်းထုတ်လွှင့်ပါတယ်။ 

ဒါ့အပြင် Luffy ဟာ အိုဆာကာ၊ ကျိုတိုနဲ့ ယာမာဂူချီတို့က တခြားလုယက်မှုတွေနဲ့လည်း ဆက်စပ်နေကြောင်း Japan Times သတင်းဌာနက ပြောကြားခဲ့ပါတယ်။  

14 mins Ago
Up