close

ဖောင်းပြင်မြို့

close

September 7, 2021

ဖောင်းပြင်တွင် စစ်ကောင်စီက ပြည်သူတစ်ဦးကို မတရားဖမ်းဆီး

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့ရှိ ဖိုးလပြည့် အားကစား ပစ္စည်းဆိုင်ပိုင်ရှင်ကို စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေ မတရားဖမ်းဆီးသွားခဲ့ပါတယ်။

ဖိုးလပြည့် အားကစား ပစ္စည်းဆိုင်ပိုင်ရှင် ကိုမျိုးမင်းသန့်ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ဖမ်းသွားတာဖြစ်ပြီး ဘာအကြောင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ ဇနီးဖြစ်သူက ပြောပါတယ်။

“မနက်က ကျမယောက်ျား လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတာ၊ စခန်းမှူးနဲ့ နယ်ထိန်းက ကျမယောက်ျားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။” 

ကိုမျိုးမင်းသန့်ရဲ့ ဇနီး ဖြစ်သူက ဖောင်းပြင်ရဲစခန်းကို သွားရောက် မေးမြန်းပေမယ့် မသိဘူးဆိုပြီး ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

4 mins Ago

May 19, 2021

ဖောင်းပြင်မြို့နယ်တွင် ဆရာ၊ ဆရာမ ၂၇၄ ဦး အလုပ်မှ ယာယီရပ်နားခံရ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ  ပညာရေးဝန်ထမ်း ဆရာ ဆရာမ ၂၇၄ ယောက်ကို တာဝန်မှယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက မေလ ၁၃ ရက်‌နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလုပ်ကနေ ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမ တွေဟာ အာဏာသိမ်းအကြမ်း စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် အာဏာဖီဆန်  CDM မှာ ပါဝင်နေကြသူတွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီးခွင့်မဲ့ပျက်ကွက်တာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ (၁၇၀)  အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

4 months Ago
Up