close

ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်း

close

February 13, 2023

စစ်ရေးတင်းမာနေသဖြင့် ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်း သွားလာခြင်းမပြုရန် HPDF ထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ PDF မဟာမိတ်တပ်ဖွဲ့တို့ စစ်ရေးတင်းမာနေလို့ အသုံးပြုသွားလာတာ ရပ်တန့်ထားကြဖို့ Hommalin People's Defence Force (HPDF) အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

“အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဘားအံအခြေစိုက် တပ်မ-၂၂၊ မော်လိုက်အခြေစိုက် တပ်ရင်း-၃၆၅ နဲ့အတူ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့ ခန့်မှန်းအင်အား ၃၀၀ ဝန်းကျင်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တပ်ထိုင်ထားတဲ့ နတ်နန်း(နမ့်လမ်)ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးနေတယ်” လို့ Hommalin People's Defence Force HPDF အဖွဲ့က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ဆိုင်ထားဆဲဖြစ်ပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေ ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်း အသုံးပြုခြင်းကို (လုံးဝ) ရပ်တန့်ထားဖို့ HPDF အဖွဲ့က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ထားတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၃ ရက်နေ့အထိ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ် မြို့သိမ်းတိုက်ပွဲ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီထောက်ပို့ ရဟတ်ယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-HPDF

6 mins Ago
Up