close

ဖေ့စ် ဘွတ်ခ်ဆယ်လီ

close

January 23, 2023

ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေးကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက် ညနေက စစ်ကောင်စီတပ် ဖမ်းဆီးခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေးကို ကျိုက်ထို မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းကနေ အလုပ်ကိစ္စနဲ့ ပြည်တွင်းကို ဝင်ရောက်လာတဲ့ ဖေ့စ်ဘွတ်ခ်ဆယ်လီ အောင်ချမ်းအေးဟာ မိဘတွေရှိတဲ့ ကော့ထင်းကျေးရွာကို ဝင်ရောက်တဲ့အချိန်မှာ အဖမ်းခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးက စစ်တပ်ကို ဖုန်းဆက်လိုက်လို့ လာဖမ်းတယ်လို့ ကြားတယ်၊ စစ်တပ်ရော ရဲရော ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အောင်ချမ်းအေးကို ကျိုက်ထို မြို့မရဲစခန်းက ပြီးခဲ့တဲ့နှစ်က ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“၂၀၂၂ ခုနှစ်ထဲမှာ သူ့ကို အမှုဖွင့်ထားတာ၊ အဲဒီအချိန်မှ သူက ထိုင်းဘက်သွားပြီး အလုပ်လုပ်တာ၊ ဘာကြောင့်ပြန်လာတာလဲ မသိဘူး။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထိုမြို့နယ်မှာ ဒလန်တွေ သတင်းပေးလို့ စစ်ကောင်စီတပ်က CDM ဝန်ထမ်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NLD ပါတီဝင်တွေကို ဖမ်းဆီးခဲ့တာလည်း ရှိပါတယ်။

7 mins Ago
Up