လာမယ့် ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ ထိုင်းအတိုက်အခံ ဖွေထိုင်းပါတီကနေ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံမယ့် အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်းထန်းရှင်နာဝပ်ဟာ မေလ ၁ ရက် မနက်ပိုင်းမှာ သားလေးတဦးကို မွေးဖွားခဲ့ပါတယ်။
သူ့ရဲ့လုံခြုံရေးအရ ဘယ်ဆေးရုံဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိဘဲ သားလေးမွေးဖွားကြောင်းနဲ့ သူရဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်မရရှိတဲ့ ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် ၇ ယောက်မြောက်မြေးကို မွေးဖွားခဲ့တာဖြစ်ပြီး နာမည်ကို ဖရိုတ်ထားဆင် ဆုခ်ဆဝပ် (ထားဆင်) လို့ ပေးထားကြောင်း သူရဲ့ အင်စတာဂရမ်မှာ အသိပေးထားပါတယ်။
အသက် ၃၆ နှစ်အရွယ်ရှိ မစ္စ ဖဲထောင်းထန်းက ဒုတိယမြောက်ကလေးကို ရွေးကောက်ပွဲမတိုင်ခင် ရက်အနည်းငယ်အကြာမှာ မွေးဖွားခဲ့တာဖြစ်ပြီး မမွေးဖွားခင် ကိုယ်ဝန်အရင့်အမာနဲ့ မဲဆွယ်စည်းရုံးခဲ့လို့ ထိုင်းပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။
လာမယ့် မေလ ၆ ရက်နေ့မှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေ ပေးခွင့်ရမှာဖြစ်ပြီး ထိုင်းအတိုက်အခံ ဖွေထိုင်းပါတီရဲ့ ခေါင်းဆောင် မစ္စဖဲထောင်းထန်းရှင်နာဝပ်က ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၅၀၀ ကို သူ့ပါတီက အနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ထားပြီး အပြတ်အသတ်နိုင်ခဲ့ရင်တော့ ဝန်ကြီးချုပ်အသစ် ဖြစ်လာမှာလို့ ထိုင်းနိုင်ငံ ဒေသတွင်းမီဒီတွေက ဖော်ပြထားပါတယ်။
Source - The Nation Thailand