close

ဖျက်ဆီးခံရ

close

April 2, 2023

ရေးမြို့နယ်တွင် စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် မီးရှို့ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင် တတိုင်ကို  YSTF ရေးပြည်သူ့ ကာကွယ်ရေးအထူးတပ်ဖွဲ့က ဧပြီ ၁ ရက် မွန်းလွဲ ၂ နာရီကျော်လောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်ဝင်ငွေမရအောင်နဲ့ စစ်အုပ်ချုပ်ရေး ယန္တရား မလည်ပတ်နိုင်အောင် အခုလို ဖျက်ဆီး လိုက်တာလို့ ဆိုပါတယ်။

ဒါအပြင် စစ်တပ်ပိုင် လုပ်ငန်းတွေကို လက်လှမ်းမှီသလောက် ဖြိုချအဆုံးသတ်သွားပါ့မယ်လို့ YSTF အဖွဲ့က အသိပေးလိုက်ပါတယ်။

ရေးမြို့နယ်ထဲမှာ မိုင်တဲလ်တာဝါတိုင်တွေဟာ အနည်းဆုံး ၅ တိုင်ထက်မနည်း ဖျက်ဆီးခံထားရပြီး တနိုင်ငံလုံး မိုင်တဲလ်တာဝါတိုင်ပေါင်း  ၂၀၀၀ ကျော် ဖျက်ဆီးခံထားရတယ်လို့ ဆိုပေမဲ့ မိုင်တဲလ်ကုမ္ပဏီကတော့  လုပ်ငန်းဆက်လက်လုပ်ဆောင်နေဆဲအပြင် ကံစမ်းမဲတွေပါ ဖောက်ပေးနေပါတယ်။

ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုလုံးရဲ့ အခွန်ငွေအားလုံးနဲ့ သုံးစွဲတဲ့ ပြည်သူလူထုတွေရဲ့ အခွန်ငွေအားလုံးဟာ  အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ်အတွက် အဓိက ဝင်ငွေဒေါက်တိုင်အဖြစ် လည်ပတ်နေဆဲ  ဖြစ်ပါတယ်။

4 mins Ago

March 19, 2023

ဖားကန့်ရှိ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးရုံး ဖျက်ဆီးခံရပြီး အမျိုးသား ၁ ဦး ဖမ်းခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မတ် ၁၇ ရက် ညပိုင်းက ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကို စစ်ကောင်စီတပ်က လာရောက်ဖျက်ဆီးပြီး အမျိုးသားတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှော်စီစာကျေးရွာ ဖြူစင်ကုန်းရပ်ကွက်မှာ မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့တဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးရုံးကို  စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ်ပြီး ရုံးစောင့် အမျိုးသား တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ 

ဒေသခံအမျိုးသား တဦးက "ရုံးဖွင့်တာက ၁၆ ရက်ကမှဖွင့်တာ။  ဖွင့်ပြီးနောက်နေ့ ည ၁၁ နာရီ လောက်  စစ်တပ်က ကားသုံးစီးနဲ့ရောက်လာပြီး ညဘက် ရုံးရှေ့က ဖြတ်သွားတဲ့ ရေမဆေးသမား တွေကိုတားပြီး ရုံးကို ဖျက်ဆီးခိုင်းတာ။ ရေမဆေးသမားတွေကလည်းဟိုက သေနတ်တွေ နဲ့ဆိုတော့ ကြောက်လန့်ပြီး ဖျက်ဆီးရတာပဲ။  ဖျက်ဆီးပြီး ရုံးစောင့်လုပ်နေတဲ့ သူကိုလည်း ဖမ်းသွားတယ် "လို့ ပြောပါတယ်။

ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမျိုးသမီးကော်မတီက ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တဲ့ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးရုံးကို စစ်ကောင်စီတပ်က ဝင်ရောက် ဖျက်ဆီးခဲ့လို့ ရုံးမှာ အသုံးပြုတဲ့ ကွန်ပြူတာ  ၉ လုံးနဲ့ ရုံးအသုံးအဆောင်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ပါတယ်။

ဖားကန့်မြို့ ဖားပြင်ကျေးရွာမှာ မတ် ၁၁ ရက်က ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးမှာ  အစည်းဝေးလုပ်နေတဲ့  ဒေသခံ ၃၀ ထက်မနည်းကို   စစ်တပ်က ဝင်ရောက် ဖမ်းဆီးခဲ့ ပါသေးတယ်။

2 weeks Ago
Up