close

ဖျက်ဆီ

close

September 10, 2021

ရေဦးမြို့နယ်အတွင်းက မိုင်တဲလ်တာဝါတိုင်နှစ်ခု ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုနယ်အတွင်းက မိုင်တဲလ်တာဝါတိုင်နှစ်ခု စက်တင်ဘာ ၉ ရက်နေ့ည ၉ နာရီလောက်က တပြိုင်တည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ် အင်တောအုပ်စု ဆပ်သေကျေးရွာ နဲ့ ဝသဲအုပ်စု မီးမောင်းကုန်းကျေးရွာရှိ မိုင်တဲလ်တာဝါတိုင် နှစ်ခု ဖျက်ဆီးခံရတာလို့ ဆိုပါတယ်။

ဒေသခံတဦးက “ဘယ်အဖွဲ့အစည်းကမှန်းလည်းမသိဘူး။ ဒေသခံတွေကတော့ မဟုတ်ဘူးဆိုတာကတော့ သေချာတယ်။ သူတိုစကားပြောသံတွေကြားရတယ်။ ကိုယ်ရွာသားတွေဆိုရင် ရုပ်မမြင်ရတောင် အသံကြားရတာနဲ့ ဒီအသံ ဘယ်သူဖြစ်နိုင်တယ်ဆိုတာ မှန်းလို့ရတယ်လေ။ အခုဟာကတော့ သိလည်းမသိဘူး။ သွားလည်းမကြည့်ရဲဘူး။ ဒီလိုအဖျက်ဆီးခံရလို့ စစ်ကောင်စီတပ်တွေလာပြီး ကျနော်တို့ဒေသခံတွေ ဖမ်းဆီးနှိပ်ဆက်ခံရမှာတော့ ကြောက်တာပေါ့ဗျာ။ ဒီစစ်ကောင်စီတပ်တွေက ယုံရတာမဟုတ်ဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

11 mins Ago

May 25, 2020

မြဝတီမြို့တွင် သိမ်းဆည်းရမိထားသည့်  လောင်းကစားစက်များကို ဖျက်ဆီး (ဓာတ်ပုံ)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တရားမဝင်လောင်းကစားရုံတွေကို ဖမ်းဆီးစဉ် သိမ်းဆည်းရမိထားတဲ့  လောင်းကစားစက်တွေကို  မေလ ၂၄ ရက်မှာ အာဏာပိုင်တွေက ဘက်ဟိုး မြေတူးယာဉ်တွေနဲ့  ဖျက်ဆီးလိုက်ပါတယ်။ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ရွှေတိဂုံပုံတူဘုရား မြေကွင်းမှာ ဖျက်ဆီးခဲ့တဲ့ လောင်းကစားစက်တွေအထဲမှာ လောင်းကစားစက်နဲ့ ဆက်စပ်ပစ္စည်း ၁၆၈ မျိုးပါဝင်ပြီး ငါးဂိမ်းစက် အသုံးပြုထိုင်ခုံတွေလည်းပါဝင်ပါတယ်။ ဖမ်းဆီးအရေးယူထားတဲ့ လောင်းကစားရုံနဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုပြီးပြတ်သွားတာကြောင့် သက်သေခံ လောင်းကစားစက်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပြီး မြဝတီမြို့ အမှတ် ၄ ရက်ကွက်မှူ၊ ရဲတပ်ဖွဲ့နဲ့ မြို့မိမြို့ဖ အင်အား ၄၀ လောက်တက်ရောက်ကြတယ်။ ဖိုးစီ
1 year Ago
Up