close

ဖျာပုံခရိုင်

close

January 20, 2022

ဖျာပုံခရိုင်တရားသူကြီးနေအိမ်တွင် ပေါ့ဆမီးလောင်မှု အရေးယူခြင်းမရှိသေး

ပြည်သူလူထုတွေရဲ့နေအိမ်မီးလောင်ပါက ပေါ့ဆမီးအမှုနဲ့ အရေးယူလေ့ရှိပေမဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းက ခရိုင်တရားသူကြီးနေအိမ် မီးလောင်ခဲ့ရာမှာ အချိန် သီတင်း ၁ ပတ်ကြာလာချိန်ထိ အရေးယူမှုမရှိသေးဘူးလို့ သိရပါတယ်။ 

တရားသူကြီး ဒေါ်သူဇာအေးနဲ့အတူ ၃ ဦးနေတဲ့ အိမ်မှာ ညနေ ၅ နာရီလောက်မီးလောင်ခဲ့ပြီး ဝန်ထမ်းတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရတာဖြစ်ပြီး  မီးလောင်မှုကို အမှုဖွင့်အရေးမယူတဲ့အပေါ် ရှေ့နေ အသိုင်းဝိုင်းကြားမှာလည်း ဝေဖန်မှုတွေရှိ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ ခရိုင်တရားသူကြီးနဲ့ပေါင်းနေတာ အဲ့အိမ်မှာ ၃ ယောက်နေတယ်။ မီးလောင်တဲ့နေ့က မီးခိုးလုံးတွေ ထွက်လာချိန်မှာ တရားသူကြီးမက အော်ပြီးထွက်လာတာ ဝန်ထမ်းတွေ ရုံးမဆင်းသေးတော့ ဝိုင်းသတ်လို့ မီးငြိမ်းသွားတာ”လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

သာမန်ပြည်သူတွေဆိုရင် မီးလောင်မှုဖြစ်တဲ့အခါ  အနည်းဆုံးပုဒ်မ ၂၈၅ ပေါ့ဆမီးဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုဖွင့် အရေးယူလေ့ရှိတာ ဖြစ်ပါတယ်။

အခုလို တရားသူကြီးနေအိမ်မီးလောင်မှု အမှုဖွင့် အရေးယူထားတာ မရှိတဲ့အပေါ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားရေးကို လုပ်ချင်တိုင်း လုပ်နေကြတာလို့ ရှေ့နေအသိုင်းဝိုင်းကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

အလားတူဖြစ်စဉ်မျိုး ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလက တောင်ကြီးမြို့မှာဖြစ်ပွားခဲ့ပြီး ပြည်နယ်တရားသူကြီးနေအိမ် မီးလောင်မှု ခုထိ အရေးယူထားတာ မရှိသေးဘူးလို့ သိရပါတယ်။

9 mins Ago

August 31, 2020

ဖျာပုံခရိုင်တွင် ပထမဆုံးအကြိမ်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် လူငယ် ၂၇၀၀၀ ကျော်ရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်လို့ ပထမဦးဆုံးအကြိမ် မဲပေးခွင့်ရှိတဲ့လူငယ်မဲဆန္ဒရှင်ပေါင်း ၂၇၀၀၀ ကျော်ရှိနေတယ်လို့ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေ သိရပါတယ်။ ဖျာပုံခရိုင်အတွင်းက ပထမဆုံးအကြိမ် မဲပေးခွင့်ရှိတဲ့ လူငယ်တွေကို စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့  ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးအောင်ဝင်းသိန်းက ပြောပါတယ်။ ပထမအကြိမ် စတင်မဲပေးခွင့်ရမယ့် လူငယ် မမျိုးသီရိကျော်က “ပြည်သူဘက်က ရပ်တည်ပေးနိုင်မယ့်၊ လူငယ်တွေဘက်ကလည်း တွေးနိုင်မယ့်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍပေါင်းစုံကို ထောက်ပံ့ပေးနိုင်တဲ့သူကိုပဲ မဲပေးချင်တယ်။ ပါတီစွဲမရှိပါဘူး၊ လုပ်ရည်ကိုင်ရည်ရှိပြီး ပြည်သူ့ဘက်ကို ရပ်တည်ပေးနိုင်မယ့်သူကိုပဲ မဲပေးမယ်” လို့ ပြောပါတယ်။ ဖျာပုံခရိုင်မှာ  နိုင်ငံရေးပါတီ ၁၀ ပါတီနဲ့ တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင်  ကိုယ်စားလှယ်လောင်း ၇၃ ဦးရွေးကောက်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၆၈၀၀၀၀ ကျော်နဲ့ မဲရုံပေါင်း ၁၀၅၀ ရုံရှိတယ်လို့  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ သတင်း - ကျော်စိုးမိုး
1 year Ago
Up