close

ဖျာပုံပြည်သူ့ကာကွယ်ရေးတပ်

close

May 13, 2021

ဖျာပုံပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းပါများကို သတိပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့မှာ  လူငယ်တွေစုပေါင်းပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ဖျာပုံ) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း မေလ ၁၂ရက်နေ့မှာ ကြေညာပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီး ပြည်သူအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘေးရန်ကနေ ကာကွယ်ဖို့ မေလ ၁၁ ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ဖျာပုံ)ကိုဖွဲ့စည်းလိုက်တာပါ။

ဖျာပုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လမ်းညွှန်ချက်အတိုင်းလိုက်နာဆောင်ရွက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်အားကို ခြိမ်းခြောက်တာတွေဆက်လုပ်နေမယ်ဆိုပါက  စစ်ကောင်စီအကြမ်းဖက်အဖွဲ့နဲ့ သူတို့ရဲ့ လက်ပါးစေ ပေါင်းပါတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်သွားမယ်လို့လည်း သတိပေးကြေညာ ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်သွားဖို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (ဖျာပုံ)နဲ့ ပူးပေါင်းပါဝင်ကြဖို့လည်း ဒေသခံပြည်သူတွေကို တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။

2 hours Ago
Up