close

ဖြိုခွင်း

close

August 30, 2021

ဂရိတွင် ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေနှင့်ရေအမြောက် အသုံးပြု ဖြိုခွင်း

ဂရိနိုင်ငံက ရဲတွေဟာ မြို့တော်အေသင်ရဲ့မြို့လယ်မှာ သြဂုတ် ၂၉ ရက်က စုရုံးခဲ့တဲ့ ဆန္ဒပြသူတွေကို  မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ရေအမြောက်တွေကို သုံးပြီးလူစုခွဲ့ခဲ့ပါတယ်။

ဆန္ဒပြသူတွေကလည်း  ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ့် ကိစ္စကို ဆန့်ကျင်ဆန္ဒပြရင်း မီးပန်းတွေ တခြားပစ္စည်းတွေနဲ့ ရဲတွေကို တုံ့ပြန်ခဲ့ကြပါတယ်။

လက်ဝါးကပ်တိုင်တွေကို ကိုင်ဆောင်ထားသူတွေအပါအဝင် လူအယောက် ၇၀၀၀ ကျော်ဟာ ကာကွယ်ဆေး အထိုးမခံဖို့ ဆန္ဒပြရေးအတွက် ဂရိလွှတ်တော်အပြင်ဘက်မှာ စီတန်းလှည့်လည် ခဲ့ကြတာပါ။

လူဦးရေ စုစုပေါင်း ၁၁သန်းရှိတဲ့ ဂရိနိုင်ငံမှာ ၅ ဒသမ ၇သန်းကတော့ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးကြပါပြီ။

ကျန်းမာရေး လုပ်သားတွေနဲ့ စောင့်ရှောက်ရေးဂေဟာ ဝန်ထမ်းတွေလို အုပ်စုတွေအတွက် ကာကွယ်ဆေး မဖြစ်မနေ ထိုးရတာကို ဂရိနိုင်ငံသားအများစုက လိုလားကြပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁ ရက်က စပြီး ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍအတွက် ကာကွယ်ဆေး မဖြစ်မနေ ထိုးရမယ့် အစီအစဉ်ကိုတော့ ရာချီတဲ့ ဂရိလုပ်သားတွေ သြဂုတ် ၂၆ ရက်က စပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဂရိနိုင်ငံမှာ မနှစ်က ကပ်ရောဂါဘေး စတည်းက ခုထိ ကူးစက်ခံ ၅၈၀,၀၀၀ ကျော်ခဲ့ပြီး ကူးစက်ခံ ၁၃၆၃၆ယောက် သေဆုံးခဲ့ ပြီးပါပြီ။ တနင်္ဂနွေတရက်တည်းမှာ အသစ်ကူးစက်ခံ ၁၅၈၂ယောက် ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

1 month Ago

May 13, 2021

လွိုင်ကော်သပိတ် ဖြိုခွင်းခံရပြီး ၁၂ နှစ် ကလေးတဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးခံရ

ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာ မေ ၁၂ ရက်ညနေပိုင်း ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖြိုခွင်းခံရပြီး ၁၂ နှစ်အရွယ် ကလေးတဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ- ပြီးခဲ့သည့်မတ် ၇ ရက်က တွေ့ရသည့် အကြမ်းဖက်စစ်အုပ်စု

5 months Ago
Up