close

ဖြူးမြို့

close

October 27, 2021

ဖြူးမြို့တွင် အပြစ်မဲ့ လူငယ်တစ်ဦး ပစ်သတ်ခံရ

တောင်ငူခရိုင် ဖြူးမြို့နယ်မှာ အောက်တိုဘာလ ၂၆ ရက် မနက် ၁၁ နာရီဝန်းကျင်က လူငယ်တစ်ယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ 

ညောင်ပင်သာမြို့နယ်ကအပြန် စစ်ကောင်စီတပ်သားတွေက ကားရပ်ခိုင်းတာမှာ မရပ်တဲ့အတွက် သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကရင်တိုင်းရင်းသား စောအယ်ကော်သော ဖြစ်ပြီး ရုပ်အလောင်းကိုတော့ မြို့မ နာရေးကူညီမှုအသင်းက ခရစ်ယာန်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးသူဟာ High Class ကုမ္ပဏီ ဝန်ထမ်းဖြစ်ပြီး သူနဲ့ လိုက်ပါလာတဲ့ ကျန်နှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 mins Ago

May 24, 2021

ဖြူးမြို့က ကျောင်းများတွင်း ကျောင်းအပ်သူ ဆယ်ဂဏန်းခန့်သာရှိ (ဓာတ်ပုံ)

ဖြူးမြို့က အမှတ် (၃) အထက်တန်းကျောင်းမှာလည်း ဒီနေ့မွန်းတည့် ၁၂ နာရီထိ ကျောင်းလာအပ်တဲ့သူ ဆယ်ဂဏန်းလောက်ပဲ တွေ့ရသေးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းတွေကို မေ ၂၄ ရက်နေ့မှာ စတင်ပြီး ကျောင်းအပ်လက်ခံနေတာလည်း ဖြစ်ပါတယ်။

မြို့နယ်အတွင်းက ကျောင်းအချို့မှာ စစ်ကောင်စီလက်အောက်တာဝန်ထမ်းဆောင်နေတဲ့ မိသားစုတွေရဲ့ သားသမီး ဆယ်ဂဏန်းလောက်သာ ကျောင်းအပ်ပြီးတာကိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ကျောင်းအချို့ရဲ့ ကျောင်းအုပ်ဆရာ/ဆရာမအချို့ဟာ CDM မှာ ပါဝင်နေတာကြောင့် စစ်ကောင်စီနဲ့ပတ်သက်သူ ဆရာ/ဆရာမအချို့ကို ချက်ချင်းရာထူးတိုးပေးပြီး ကျောင်းအုပ်တာဝန် ထမ်းဆောင်ခိုင်းတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

ဖြူးမြို့နယ်အတွင်း ပညာရေးဝန်ထမ်းပေါင်း ၂၇၀၀ လောက်ရှိပြီး  CDM မှာ ပါဝင်သူ ၁၄၀၀ ကျော်ရှိကာ အခုလက်ရှိ စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ပညာရေးဝန်ထမ်း ၈၂၇ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ​ထုတ်ပြန်ခဲ့တာပါ။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေအနီး ပေါက်ကွဲမှုဖြစ် ဖြစ်ပွားခဲ့ပါတယ်။

5 months Ago
Up