close

ဖြေရှင်း

close

December 9, 2022

ကျောက်မီးသွေး ခိုးယူသည့်ကိစ္စ ဖြေရှင်းပေးမည်ဟု မွန်ဂိုလီးယားဝန်ကြီးချုပ် ပြော

မွန်ဂိုလီးယားနိုင်ငံရဲ့ မြို့တော် အူလန်ဘာတာမှာ ၃ ရက်ကြာ ဆန္ဒပြမှုတွေအပြီး မွန်ဂိုလီးယားဝန်ကြီးချုပ် အိုယို့ အာရ်ဒီးန် လုဗ်ဆံနမ်စ်ရိုင်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံခဲ့ကာ ခိုးယူခံရတဲ့ ကျောက်မီးသွေးကိစ္စကို ဖြေရှင်းပေးမယ်လို့ ကတိပြုခဲ့ကြောင်း TenGer TV သတင်းက ဖော်ပြခဲ့ပါတယ်။

ဝန်ကြီးချုပ် အိုယို့ဟာ ကျောက်မီးသွေး တရားမဝင် ရောင်းချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုက နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ဆန္ဒပြသူတွေကို အာမခံပြောကြားထားပြီး ဆန္ဒပြသူတွေကို ငြိမ်သက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ နိုင်ငံရဲ့ လွှတ်တော်အဆောက်အဦ လှေကားထစ်တွေမှာ သူတို့ကို စကားပြောနေတဲ့ ဝန်ကြီးချုပ် အိုယို့ဆီကို ပစ္စည်းတွေနဲ့ ပစ်ပေါက်ပြီးတော့ “ကျောက်မီးသွေးသူခိုးတွေက ဘယ်သူတွေလဲ” ဆိုတာ ဖော်ထုတ်ပေးဖို့ အစိုးရကို တောင်းဆိုနေကြတာတွေကို ရုပ်သံမှာ ပြသခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်နိုင်ငံကို ကျောက်မီးသွေးတွေ တရားမဝင်ရောင်းချမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အစိုးရအရာရှိတွေအကြောင်း စွပ်စွဲချက်တွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း ဒီသီတင်းပတ်ကုန်မှာ ဆန္ဒပြမှုတွေ စတင်လာခဲ့ပြီး ဒီဇင်ဘာ ၅ ရက်မှာတော့ အရှိန် ပိုပြင်းထန်လာခဲ့ပါတယ်။

22 mins Ago

October 4, 2020

အီဘရာဟမ် ပင်နယ်တီလုကန်သည့်ကိစ္စ ဖြေရှင်းခဲ့ပြီးဟု ချဲလ်ဆီးနည်းပြပြော (ရုပ်သံဟိုက်လိုက်)

ကစားသမားချင်း ပင်နယ်တီလုကန်တဲ့ အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေကို ကွင်းထဲမှာရော အဝတ်လဲခန်းထဲမှာပါ ဖြေရှင်းခဲ့ပြီးဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။  စနေနေ့ညအစောပိုင်းမှာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာ ချဲလ်ဆီးအသင်းက ပင်နယ်တီ ၂ လုံးရရှိခဲ့ပြီး ဒုတိယပင်နယ်တီရရှိချိန်မှာ တိုက်စစ်မှူး အီဗရာဟမ်က  ဂျော်ဂျင်ဟို ကန်ရမယ့်ပင်နယ်တီကို လုကန်ဖို့ကြိုးစားခဲ့ပါတယ်။  ဒီအခြေအနေကို ချဲလ်ဆီးအသင်းခေါင်းဆောင် အက်စပီလူကွယ်တာက ဝင်ရောက်ဖြေရှင်းပေးခဲ့ရပြီး နောက်ဆုံးမှာတော့ ဂျော်ဂျင်က ဒီပွဲစဉ်အတွက် သူ့ရဲ့ဒုတိ ယမြောက် ပင်နယ်တီဂိုးကို ကန်သွင်းယူနိုင်ခဲ့ပါတယ်။  ချဲလ်ဆီးအတွက် ဂိုးတွေကို ကစားသမားသစ်ဘန်ချီဝဲလ်၊ နောက်ခံလူ ဇူးမားနဲ့ ဂျော်ဂျင်ဟိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ပွဲချိန်တွင်း ချဲလ်ဆီးလ်အသင်းသားတွေကြားမှာ မကျေလည်မှုတွေရှိခဲ့ပေမယ့် ဒီကိစ္စတွေဟာ ပြေလည်အောင်ဖြေရှင်းပြီးသွားခဲ့ပြီလို့ လမ်းပတ်ကပြောပါတယ်။  “အဝတ်လဲခန်းထဲမှာ ပြေလည်မှုရရှိခဲ့ပါပြီ။ ဖြေရှင်းခဲ့ပြီးပါပြီလို့လမ်းပတ်က ပွဲအပြီးမှာ BT Sport သတင်းဌာနကိုပြောပါတယ်။  “ကျနော့်အတွက် ဦးဆောင်နိုင်သူတွေ လိုအပ်ပါတယ်။ အီဗရာဟမ်ဂိုးရလိုလို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ပင်နယ်တီကန်သွင်းလိုခဲ့တာကြောင့် ပဋိပက္ခအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ ဒါကို ကျနော်ဘယ်လိုမှ သဘောမထားပါဘူး။ အီဗရာဟမ်ရဲ့ စွမ်းဆောင်ရည်က ဒီပွဲမှာ ဂိုးရရှိဖို့ ထိုက်တန်ခဲ့တာကြောင့် ကျနော်သူ့ရဲ့ဂိုးသွင်းဖို့ စိတ်အားထက်သန်မှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ကျနော့်ဆုံးဖြတ်ချက် ဒါမှမဟုတ် တစ်ယောက်  ယောက်က ဟက်ထရစ်ရရှိဖို့ အခြေအနေကောင်းမှာ ရှိနေတာမျိုး မဟုတ်ဘူးဆိုရင် သတ်မှတ်ချက်တွေကို ပစ်ပယ်လို့မရပါဘူး” လို့ လမ်းပတ်က ပြောပါတယ်။  တစ်ပွဲလုံး ခြေစွမ်းနဲ့ပတ်သက်ပြီးလည်း လမ်းပတ်က “ပထမပိုင်းမှာ ကျနော်တို့အသင်း ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် လိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ၄ ဂိုးရရှိခဲ့တာ ကောင်းပါတယ်။ ကျနော်တို့ပွဲကို ပိုပြီးစိုးမိုးဖို့ လိုအပ်နေတာကြောင့် ဘန်ချီဝဲလ်ကို ထည့်သွင်းဖို့ လိုအပ်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ပဲလေ့စ်နောက်ခံလူတွေဟာ ချဲလ်ဆီးတိုက်စစ်က သိပ်ကြောက်စရာမကောင်းဘူးလို့ ယူဆသွားတာမျိုးမဖြစ်ချင်ပါဘူး။ ဘန်ချီဝဲလ်ဟာ ဒီနေ့ပွဲမှာ တော်တော်လေးကို ကောင်းခဲ့ပါတယ်။ ကစားသစ်တွေမှာ သူတို့ကိစ္စလေးတွေရှိနေတာကြောင့် ကျနော်တို့ အချိန်ပေးဖို့ လိုအပ်ခဲ့ပေမယ့် ဘန်ချီဝဲလ်ကတော့ သူ့အရည်အချင်းကိုပြသနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ 
2 years Ago
Up