close

ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ

close

May 20, 2021

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကော်မရှင်ဖွဲ့စည်း

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ကော်မရှင်ကို မေလ ၁၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ကြေညာပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ် လမ်းညွှန်ပေးဖို့ ရည်ရွယ်ပြီး ကော်မရှင်ကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ဒုသမ္မတ ဒူဝါလရှီးလ၊ ဒု ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အတွင်းရေးမှူးအဖြစ် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းတို့က   တာဝန်ယူမှာဖြစ်ကြောင်း  ထုတ်ပြန်ချက်အရ သိရပါတယ်။   

အဖွဲ့ဝင်တွေအဖြစ်တော့  အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဒေါ်ဇင်မာအောင်၊ ဦးလွင်ကိုလတ်၊ ဦးရည်မွန်၊ ဦးတင်ထွန်းနိုင်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာဆာဆာ၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာတူးခေါင်၊ နော်စူဇန်နာလှလှစိုး၊ ဦးအောင်မျိုးမင်းနဲ့ နိုင်သုဝဏ္ဏတို့  ပါဝင်ကြပါတယ်။

52 seconds Ago
Up