close

ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်

close

November 18, 2022

ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်တွင် စင်ကာပူပါဝင်မှုအပေါ် သမ္မတရှီ ချီးကျူး

ဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်ကို တည်ဆောက်ဖို့ တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်ရာမှာ စင်ကာပူက နက်နက် ရှိုင်းရှိုင်းပါဝင်မှုကို ကြိုဆိုတယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က နိုဝင်ဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ရဲ့ စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပမှာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံချိန်မှာ ရှီက အခုလို ပြောခဲ့တာပါ။

နှစ်နိုင်ငံဆက်ဆံရေးဟာ ရှေ့အလားအလာ၊ ဗျူဟာမြောက်ပြီး စံနမူနာပြဖြစ်ကြောင်း သတိပြုမိပြီး တရုတ်နဲ့ စင်္ကာပူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒေသတွင်းအပေါ် မူတည်တယ်၊ ဒေသတွင်း ပေါင်းစည်းရင်း ဒေသတွင်းကိုလည်း အကျိုးပြုတယ်လို့ သူက ပြောပါတယ်။ 

စင်္ကာပူဟာ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အပြုသဘောနဲ့ အမြဲရှုမြင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစပြုမှုမှာ ပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ လီရှင်လွန်းက ပြောပါတယ်။

၂၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC)ရဲ့ စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး တက်ဖို့ နိုဝင်ဘာ ၁၇ ရက်မှာ ရှီဟာ ထိုင်းနိုင်ငံဆီ အလည်အပတ် သွားရောက်တာပါ။

အခုနှစ် APEC အစည်းအဝေးကို ပွင့်လင်းမှု ချိတ်ဆက်မှုနဲ့ ဟန်ချက်ညီမှုဆိုတဲ့ ခေါင်းစဉ် အောက်မှာ  နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။

11 mins Ago
Up