close

ဖွံ့ဖြိုးပြီးနိုင်ငံများ

close

October 5, 2022

ရာသီဥတုပြောင်းလဲမှုအရေး ပိုမိုပူး‌ပေါင်းပါဝင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆော်သြ

လာမယ့်နိုဝင်ဘာလမှာလုပ်မယ့် ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးမတိုင်မီ ရာသီဥတုပြောင်းလဲမှုအရေး ဖွံ့ဖြိုးပြီးနိုင်ငံတွေ ပိုပြီးပူးပေါင်းပါဝင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆော်ဩခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ကမ္ဘာကြီးက မစောင့်နိုင်တော့လို့ ပိုလုပ်ကြရမယ်လို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကို ပြောလိုက်ပါတယ်။

ရာသီဥတု အကျပ်အတည်းကို တွန်းလှန်ဖို့ တရားမျှတတဲ့ ဘဏ္ဍာရေး လိုအပ်တယ်လို့ ကင်ရှာဆာမြို့မှာ ကျင်းပတဲ့ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ အဆင့်မြင့်အရာရှိတွေက သတိပေးခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေကို တနှစ် ဒေါ်လာဘီလီယံ ၁၀၀ ရန်ပုံငွေပေးမယ့် ကတိကဝတ် ပျက်ကွက်တဲ့ ချမ်းသာတဲ့နိုင်ငံတွေကိုလည်း ဆော်ဩခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဝန်ကြီးတွေနဲ့ အကြီးတန်း ကိုယ်စားလှယ်တွေဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် COP 27 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်ခင် နောက်ဆုံးအစည်းအဝေးကို ဒီတပတ်မှာ ကျင်းပနေတာပါ။

COP 27 ကို လက်ခံကျင်းပနေတဲ့ အီဂျစ်က ဒီလိုလျော်ကြေးငွေတွေကို တရားဝင်အစီအစဉ်မှာ ထည့်သွင်းရမယ့် နည်းလမ်းဖြစ်တဲ့ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေ ရင်ဆိုင်ရနိုင်တဲ့ တာဝန်ဝတ္တရားတွေကို သတိထားနေတာပါ။

ရှုပ်ထွေးပေမဲ့ အလုပ်ဖြစ်တဲ့ တရားဝင်အစီအစဉ်ထဲမှာ ဆုံးရှုံးမှုနဲ့ အပျက်အစီးတွေကို ဘယ်လို ထည့်သွင်းရမလဲ ဆိုတဲ့အပိုင်းကို တာဝန်ယူ လုပ်ဆောင်နေပါတယ်။

အကြိုထိပ်သီးအစည်းအဝေးဟာ အီဂျစ်မှာ စေ့စပ်ညှိနှိုင်းရေး အစီအစဉ်ကို ပုံဖော်ဖို့နဲ့ တိုးတက်မှု အခွင့်အလမ်းကို မြှင့်တင်ဖို့ လုပ်ဆောင်တဲ့ နိုင်ငံတွေရဲ့ ဖိုရမ်တခုလည်း ဖြစ်ပါတယ်။

13 mins Ago
Up