close

ဖှိုက်ဇာနှင့်မာ့ခ်အန်

close

December 24, 2021

ဖှိုက်ဇာနှင့်မာ့ခ်အန်ကို ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါကုသသည့် သောက်ဆေး အမေရိကန် FDA ခွင့်ပြု

ဖှိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းနဲ့ မာ့ခ်အန်ကို ကုမ္ပဏီတို့က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကုသဆေး သောက်ဆေးတွေကို အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေး အေဂျင်စီ FDA က ဒီဇင်ဘာ ၂၂ နဲ့ ၂၃ ရက်တွေမှာ ခွင့်ပြုပေးလိုက်ပါတယ်။

မာ့ခ်ကုမ္ပဏီက ဆေးဖြစ်တဲ့ မိုနူပီရာဗီယာဟာ ဖျားနာတဲ့ အစောပိုင်းကာလမှာ ရောဂါအခံရှိတဲ့ လူနာတွေကို လက်တွေ့စမ်းသပ်ချက်အရ ဆေးရုံတင်ကုသနှုန်းနဲ့ သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

ဆိုးရွားပြင်းထန်တဲ့ ရောဂါအခံရှိတဲ့ လူကြီးတွေ၊ ကိုဗစ်-၁၉ ကုသမှု မရနိုင်သူတွေ၊ ဆေးရုံဆေးခန်းမှာ ကုသလို့ မရသူတွေအတွက် ဒီသောက်ဆေးကို သုံးဖို့ FDA က ခွင့်ပြုထား ပါတယ်။

အမေရိကန်အစိုးရဟာ သောက်ဆေးတစုံကို ဒေါ်လာ ၇၀၀ နှုန်းနဲ့ ဆေး ငါးသန်းထိဝယ်ဖို့ ကန်ထရိုက်စာချုပ် ချုပ်ဆိုထားပါတယ်။

မိုနူပီရာဗီယာ သောက်ဆေးဟာ အရိုးနဲ့ အရိုးနုကြီးထွားမှုကို သက်ရောက်စေနိုင်လို့ ဒီဆေးကို အသက် ၁၈ နှစ်အောက် လူနာတွေသုံးဖို့ကိုတော့ ခွင့်ပြုမထားဘူးလို့ FDA က ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

1 min Ago
Up