close

ဗကသကျောင်းသားလူငယ်များ သပိတ်စစ်ကြောင်း

close

September 22, 2021

ရန်ကုန်တွင် ဗကသကျောင်းသားလူငယ်များ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ  သာကေတ - ဒေါပုံကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ နှစ်ဖွဲ့ပူးပေါင်းပြီး  စက်တင်ဘာ ၂၂ ရက် ဒီကနေ့ လမ်းပေါ်တက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

"စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြ ပြည်သူ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ကြ" ကြွေးကြော်သံနဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

ပြည်သူတွေ သွေးမအေးသွားဖို့နဲ့ စည်းစည်းလုံးလုံးနေကြဖို့၊ စစ်အာဏာရှင်ကို တော်လှန်ဖို့ ရည်ရွယ်ဆန္ဒပြတာဖြစ်ပြီး သပိတ်မှောက် ကျောင်းသားတွေကို တတ်နိုင်တဲ့ဘက်က အားပေး ကာကွယ်ပေးဖို့  သပိတ်မှောက် လူငယ်တစ်ဦးက ပြောပါတယ်။

11 mins Ago
Up