close

ဗင်နီစီယက်စ်

close

October 31, 2022

လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းက ပြင်သစ်ဖြစ်ကြောင်း ဗင်နီစီယက်စ် သုံးသပ်

လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းက ပြင်သစ်အသင်းဖြစ်ကြောင်း ဘရာဇီးနဲ့ ရီးရဲလ် မက်ဒရစ်တောင်ပံ တိုက်စစ်မှူး ဗင်နီစီယက်စ်က ပြောပါတယ်။

လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတွေနဲ့ ပတ်သက်ပြီး SPORT bible နဲ့ အင်တာဗျူးမှာ ပြင်သစ်က လက်ရှိ ချန်ပီယံဖြစ်တာကြောင့် အကောင်းဆုံးအသင်းလို့ ပြောနိုင်ကြောင်း ဗင်နီစီယက်စ်က ပြောခဲ့တာပါ။

ချန်ပီယံဖြစ်နိုင်တဲ့အသင်းကို ခန့်မှန်းရခက်ပေမဲ့ ပြင်သစ် အသင်းက အကောင်းဆုံးအသင်းဖြစ်ကြောင်း၊ ဒါပေမဲ့ အပြောင်းအလဲတွေရှိနိုင်ပြီး  အာဂျင်တီးနား အသင်းကလည်း  အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ကြောင်း ဗင်နီစီယက်စ်က ပြောပါတယ်။

“လက်ရှိအချိန်မှာ ပြင်သစ်က အကောင်းဆုံးအသင်း ဖြစ်ပေမယ့် ပြိုင်ပွဲမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တယ်။ အာဂျင်တီးနားကလည်း တကယ်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဘရာဇီး၊ အင်္ဂလန်နဲ့ ဂျာမနီအသင်းတွေကလည်း ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်တဲ့ အသင်းတွေဖြစ်တယ်”လို့ ဗင်နီစီယက်စ်က သုံးသပ်ပါတယ်။

ဘရာဇီးအသင်းဟာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားနောက်ပိုင်း ချန်ပီယံဆုနဲ့ ဝေးကွာနေပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရေးပါတဲ့ ပြိုင်ပွဲဖြစ်ကြောင်း၊ ချန်ပီယံ ရနိုင်ခြေလည်းရှိကြောင်း ဗင်နီစီယက်စ်က ထည့်သွင်းပြောသွားပါတယ်။

3 mins Ago
Up