close

ဗစ်တိုးရီးယားနုလန်း

close

October 12, 2021

အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိ ၁ ဦး မော်စကိုရောက်

အမေရိကန် နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားနုလန်းဟာ နှစ်နိုင်ငံ ဆွေးနွေးပွဲတွေတက်ဖို့ ရုရှားနိုင်ငံ  မော်စကိုမြို့တော်ကို  အောက်တိုဘာ ၁၁ ရက်က ရောက်လာပါတယ်။

ရုရှားနဲ့ အမေရိကန်ကြား နိုင်ငံရေးဆိုင်ရာ ဆက်ဆံရေး ဆိုးဆိုးရွားရွား ထစ်ငေါ့နေချိန်မှာ ရောက်ရှိလာတာဖြစ်ပြီး  သူဟာ အောက်တိုဘာ ၁၃ ရက်ထိ မော်စကိုမြို့တော်မှာ နေဖို့ မျှော်လင့်ထားပါတယ်။

နုလန်းဟာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေကို ရုရှားအကြီးတန်း အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

“နုလန်းဟာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့ လက်ထောက် ဒမစ်ထရီ ယူရှာကို့ဗ်နဲ့ အစည်းအဝေး ထိုင်ဖို့ရှိတယ်။ သူဟာ နိုင်ငံခြားရေး ဒုဝန်ကြီး ဆာဂီရီယတ်ကို့ဗ်နဲ့လဲ ဆွေးနွေးမယ်”လို့ ရုရှားအစိုးရက ပြောခွင့်ရက ပြောပါတယ်။

ရုရှားဟာ နုလန်းကို အရင်က နာမည်ပျက်စာရင်းသွင်းထားပေမယ့် အမေရိကန်အစိုးရက ရုရှား နိုင်ငံသားတွေအပေါ် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးဖို့ သဘောတူအပြီး နုလန်းကို  လာရောက်လည်ပတ်ဖို့ ခွင့်ပြုခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာ ဇာခါရိုဗာက ပြောပါတယ်။

အမေရိကန်က ရုရှားနိုင်ငံသားတယောက်ကို ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲကနေ ပယ်ဖျက်ပေးခဲ့တယ်လို့လည်း ဇာခါရိုဗာက ဂိုဗိုရစ်မော့ခ်ဗာ ရေဒီယိုသတင်းဌာနကို ပြောပါတယ်။

အမေရိကန်ဟာ ရုရှားအပေါ် ဒဏ်ခတ်မှုပုံစံ အတော်များများ ချမှတ်ထားတာပါ။ ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၂၀၁၄ ကစပြီး ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးဟာ စစ်အေးခေတ်နောက်ပိုင်းမှာ အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။

2 mins Ago
Up