close

ဗန်ဒီဘိခ်ခြေစွမ်

close

November 5, 2022

ဗန်ဒီဘိခ်ခြေစွမ်းတိုးတက်လာနိုင်သေးဟု မန်ယူနည်းပြတန်ဟတ်ဂ်ပြော

ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ရဲ့ ခြေစွမ်းဟာ တိုးတက်မှုတွေရှိလာနိုင်သေးကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကပြောပါတယ်။

ဗန်ဒီဘိခ်ဟာ မနှစ်က အဲဗာတန်အသင်းကိုအငှားထွက်ကစားခဲ့ရပြီး အခုနှစ်ရာသီမှာလည်း ပွဲထွက်ခွင့်ပျောက်ဆုံးနေသူပါ။

ဟော်လန်ကွင်းလယ်လူဟာ ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပထမဦးဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ အိုင်းယက်စ်မှာကတည်းကအတူလက်တွဲလာခဲ့တဲ့ ဗန်ဒီဘိခ်ရဲ့ခြေစွမ်းဟာ ဒီအတိုင်းပြီးဆုံးသွားမှာမဟုတ်ဘဲ ပိုမိုတိုးတက်လာဦးမှာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ ဒဏ်ရာရရှိခဲ့လို့သာ ပွဲများများကစားခွင့်မရသေးတာဖြစ်ပြီး အသုံးပြုတဲ့အချိန် တိုင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ချီးကျူးခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ကတ်စီမီရို၊ အဲရစ်ဆင်၊ ဖရက်ဒ်နဲ့ တွန်မီနေးတို့ရှိနေတဲ့ ကွင်းလယ်ပိုင်း ပွဲထွက်ခွင့်တစ်နေရာရဖို့ ဆက်လက်ရုန်းကန်ရဖို့ရှိနေပါတယ်။ 

50 seconds Ago
Up