close

ဗန်ဘက်စ်တန်

close

June 16, 2022

ရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းကြောင်းပြောသူများ ဘောလုံးအကြောင်းမသိဟု ဗန်ဘက်စ်တန် ဝေဖန်

စီရော်နယ်ဒိုက မက်ဆီထက် ပိုကောင်းတယ်လို့ ပြောနေသူတွေဟာ ဘောလုံးအကြောင်း နားမလည်သူတွေဖြစ်တယ်လို့ ဟော်လန်ဂန္ထဝင်ကစားသမား ဗန်ဘက်စ်တန်က ပြောပါတယ်။ 

အသက် ၅၇ နှစ်ရှိ ဟော်လန်နည်းပြဟောင်း ဘက်စ်တန်ဟာ အိုင်းယက်စ်နဲ့အေစီမီလန်အသင်းတွေမှာ ကစားခဲ့သူပါ။ 

အီတလီသတင်းစာ ကော်ရီယာရီဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာတော့ ရော်နယ်ဒိုဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးဖြစ်ပေမယ့် မက်ဆီက ပိုကောင်းတဲ့သူဖြစ်ကြောင်း၊ ဒါပေမဲ့ သမိုင်းတလျှောက်အကောင်းဆုံးကစားသမား ၃ ဦးကတော့ ပီလီ၊ မာရာဒိုနာနဲ့ ယိုဟန်ခရိုက်ဖ်တို့ဖြစ်ကြောင်း ပြောပါတယ်။ 

“ခရစ္စတီယာနိုက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတဦးဖြစ်ပေမယ့် မက်ဆီထက် ပိုကောင်းပါတယ်လို့ ပြောသူတွေဟာ ဘောလုံးအကြောင်း မသိတဲ့သူတွေသာ ဖြစ်တယ်။ ဒါမှမဟုတ် လွဲမှားတဲ့ ယုံကြည်မှုနဲ့ ပြောနေကြသူတွေဖြစ်တယ်။ ကျနော် ကလေးဘဝတုန်းကတော့ ယိုအန်ခရိုက်ဖ်ကို ကြိုက်ခဲ့တယ်။ သူက ကျနော့်သူငယ်ချင်းလည်းဖြစ်တယ်။ ပြီးတော့ ပီလီနဲ့ မာရာဒိုနာတို့ကလည်း ထူးချွန်ကြတယ်။ ကျနော့်အတွက်တော့ သူတို့ ၃ ဦးက သမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေဖြစ်တယ်” လို့ ဗန်ဘက်စ်တန်က ပြောပါတယ်။ 

ဘက်စ်တန်ဟာ ဘလွန်းဒီအောဆုကို ၃ ကြိမ်ရရှိခဲ့ဖူးပြီး ဒဏ်ရာပြဿနာတွေကြောင့် ဘောလုံးသမားဘဝကနေ အနားယူခဲ့ရသူဖြစ်ပါတယ်။

59 seconds Ago
Up