close

ဗလမင်းထင်တံတား

close

June 24, 2021

မြစ်ကြီးနား၊ ဗလမင်းထင်တံတားအနီး ပစ်ခတ်မှုများကြောင့် ဒေသခံများ ထိတ်လန့်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးက  စုပေါင်းဂိတ်မှာ ဇွန်လ ၂၃ ရက်ညက ပစ်ခတ်မှု ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက်  ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရကြပါတယ်။ 

ဗလမင်းထင်တံတားအနီး စုပေါင်းဂိတ်မှာ မနေ့ည ၈ နာရီလောက်ကတည်းက သေနတ်သံနဲ့လက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး ပစ်ခတ်မှုဖြစ်ပွားနေတဲ့အတွက် မိုင်းနားဒေသခံတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ပြောပါတယ်။

“လက်နက်ကြီးသံနဲ့ သေနတ်သံတွေတော့ အချက် ၂၀  ကျော်လောက် အိမ်ကနေကြားနေရတယ်။ ရိက္ခာထုတ်ပြင်ထားပြီ ကြောက်လို့သားအမိနှစ်ယောက် မီးအမှောင်ချပြီး ငုတ်တုတ်ထိုင်နေရတယ်” လို့မိုင်းနားဒေသခံ အမျိုးသမီးတစ်ယောက်ကပြောပါတယ်။

ကေအိုင်အေကတိုက်ခိုက်ခဲ့တာလို့သတင်းတွေထွက်နေပေမဲ့ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို အတည်ပြုနိုင်ခြင်းမရှိသေးသလို  ထိခိုက် ဒဏ်ရာရသူ အခြေအနေကိုလည်း သိရသေးပါဘူး။ 

ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့ထဲမှာတော့ ရဟတ်ယာဉ်တွေနဲ့ ည ၉ နာရီကျော် အထိ လှည့်ပတ်နေပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ တင့်ကားတွေ၊ စစ်ကားတွေ  ဗလမင်းထင်တံတားဘက်ကို သွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ရက်လောက်ကလည်း ရဲနဲ့စစ်သားတွေက ဗလမင်းထင်တံတားမှာ ဖြတ်သန်းသွားလာတဲ့ကားတွေကို ကားအမျိုးအစားနဲ့ ကားပေါ်ပါလာသူအမျိုးသားတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

5 days Ago

June 23, 2021

မြစ်ကြီးနား ဗလမင်းထင်တံတားအနီး ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မိုင်းနားစုပေါင်းဂိတ်၊ ဗလမင်းထင်တံတားအနီး ဇွန်လ ၂၃ ရက် ဒီနေ့ ည ၇ နာရီ ၄၅ မိနစ်လောက်က ပစ်ခတ်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

“ဘယ်အဖွဲ့နဲ့ဘယ်အဖွဲ့ တိုက်ပွဲဖြစ်နေတာလည်းတော့ မသိဘူး။ သေနတ်သံတွေရော၊ ပေါက်ကွဲသံတွေရော ခုထိကြားနေရတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

လက်ရှိအထိ ပစ်ခတ်မှုတွေရှိနေပြီး မြစ်ကြီးနားမြို့မှာ ရဟတ်ယာဉ် ပျံဝဲနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

5 days Ago
Up