close

ဗဟန်း

close

April 29, 2023

ဗဟန်း ကျိုက္ကဆံရပ်ကွက်တွင် အငြိမ်းစားဗိုလ်မှူး ၁ ဦး ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ ဧပြီ ၂၉ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က အငြိမ်းစားဗိုလ်မှူး တယောက်  သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

နေအိမ်ကနေ ကုမ္ပဏီကို ကားနဲ့ထွက်လာတဲ့ ဗိုလ်မှူးဟောင်းရဲမင်းသန်းကို ကျိုက္ကဆံရပ်ကွက် ငမောက်လမ်းနဲ့ မဟူရာလမ်းထောင့်မှာ ဒီနေ့ မနက်ဆယ်နာရီဝန်းကျင်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ 

“သူက ဗိုလ်မှူးဟောင်း ကျိုက္ကဆံရပ်ကွက်ထဲမှာနေတာ အခုတော့ ကုမ္မဏီမှာ မန်နေဂျာလုပ်နေတာ အိမ်ကကားနဲ့ထွက်လာတဲ့အချိန် ငမောက်လမ်းမှာ ပစ်ခံရတာ ပွဲချင်းပြီးပဲ။” 

သေနတ်နဲ့ပစ်ခတ်ခံရသူမှာ MMG ကုမ္ပဏီက  မန်နေဂျာတစ်ဦးသလို အငြိမ်းစားဗိုလ်မှူးတယောက်ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။

"ဗိုလ်မှူးဟောင်းဆိုတာမှန်ပါတယ်။ ကျည်ထိမှန်ဒဏ်ရာလေးချက်နဲ့ အခင်းဖြစ်တဲ့နေရာမှာ ဆုံးသွားပါတယ်။  Dade Body ကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ထားတယ်"လို့ ပြောပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်နဲ့ရဲတွေက ကျိုက္ကဆံရပ်ကွက်အတွင်း လှည့်လည်စစ်ဆေးနေပေမဲ့ သေနတ်နဲ့ပစ်ခတ်သွားသူကို ဖမ်းဆီးရမိခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ရန်ကုန်မှာ ဧပြီလအတွင်း သန်လျင်၊ ခရမ်း၊ သင်္ဃကျွန်းမှာ ပစ်ခတ်မှုဖြစ်ခဲ့ရာ အငြိမ်းစားဒုဗိုလ်မှူးကြီး တယောက်နဲ့  ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြားရေးမှူး စစ်တပ်အရာရှိဟောင်း တယောက်  ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါတယ်။ 

3 hours Ago

April 10, 2023

ဗဟန်း ဆရာစံရပ်ကွက်တွင် စက်ဘီးစီးလာသူအမျိုးသားတဦး လဲကျသေဆုံး

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှ အဖွဲ့လိုက်စက်ဘီးစီးပြီးပြန်လာတဲ့ အမျိုးသားတဦး ဒီနေ့ နေ့လယ် ၁ နာရီက ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် သာယာဝတီလမ်းမှာ လဲကျသေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဒီနေ့မနက်က အမျိုးသားတဦးဟာ အသိမိတ်ဆွေတွေနဲ့ မှော်ဘီမြို့နယ်ကို စက်ဘီးစီးထွက်ခဲ့ပြီး အပြန်  ဆရာစံရပ်ကွက် သာယာဝတီလမ်းမှာ လဲကျခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လဲကျပြီး မသေသေးဘူး၊ ဆေးရုံကိုပို့ဖို့ ရပ်ကွက်လူကြီးတွေ ပရဟိတအသင်းကို ဖုန်းဆက်ခေါ်ပြီး ဆေးရုံကိုပို့တယ်၊ ဆေးရုံရောက်မှ ဆုံးသွားတာ။"

သေဆုံးသူမှာ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် ကုက္ကိုင်းရိပ်သာလမ်းမှာနေထိုင်တဲ့ ဦးတင်ထွဋ်ဆိုသူ စက်ဘီးစီးဝါသနာရှင်ဖြစ်ပြီး ပန်းနာရင်ကြပ်ရောဂါအခံရှိတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူက ပန်းနာရင်ကြပ်ရှိတဲ့လို့ ပြောတယ်၊ နေလည်းအရမ်းပူနေတော့ ဦးနှောက်သွေးကြောပြတ်သွားတာဖြစ်မယ်။"

လဲကျသွားတဲ့ ဦးတင်ထွဋ်ကို မေတ္တာအလင်းလူမှုကူညီရေးအသင်းက လူနာတင်ယာဥ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ရှိချိန်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ဒီနှစ် ဧပြီလရဲ့ နေ့အပူချိန်ဟာ အရင်နှစ်တွေထက် မြင့်တက်ကြောင်း မိုးလေဝ

သနှင့် ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

3 weeks Ago
Up