close

ဗဟိုမီးသတ်စခန်း

close

June 8, 2021

ရွှေဘိုမြို့ ဗဟိုမီးသတ်စခန်းတွင် ဗုံးကွဲ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ဗဟိုမီးသတ်စခန်းမှာ ဇွန်လ ၈ ရက်ညနေက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မီးသတ်ကား တစ်စီး မှန်တွေ ကွဲအက်သွားပါတယ်။ 

ဗဟိုမီးသတ်ယာဉ်စခန်းမှာ အခုညနေ ၃ နာရီလောက်က ဗုံးနဲ့ပစ်ခံရလို့  မီးသတ်ယာဉ်တစ်စီး မှန်တွေကွဲသွားခဲ့ပေမဲ့ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။ 

ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်လောက်ကလည်း ရွှေဘိုမြို့လယ် BOC မီးပွိုင့်အနီး ရွှေတောင် ခေါက်ဆွဲဆိုင်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့တာကြောင့် စစ်တပ်က ၄ နာရီကျော်လောက်မှာ ဗုံးကို လာရောက်ဖြုတ်ယူ သက်မဲ့ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ညနေ ၅ နာရီခွဲလောက်မှာလည်း လမ်းလယ်ကောင်မှာ မသင်္ကာစရာ ဗုံးတစ်လုံးကို ဖောက်ခွဲ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

12 hours Ago
Up