close

ဗာရန်းနှင့် ကတ်စမီရို

close

January 3, 2023

ဗာရန်းနှင့် ကတ်စမီရို တွဲကစားသည့်ပွဲများတွင် မန်ယူအသင်း ပေးဂိုး မရှိသေး

နောက်ခံလူဗာရန်းနဲ့ ကွင်းလယ်လူ ကတ်စမီရိုတို့ တွဲကစားတဲ့ပွဲချိန်တွေမှာ မန်ယူအသင်းက ပေးဂိုး တဂိုးမှ မရှိသေးတာတွေ့ရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ၂ ဦးဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနေကြတာပါ။ သူတို့ နှစ်ဦးဟာ စုစုပေါင်း ၁၀ ပွဲမှာ မိနစ်ပေါင်း ၄၈၇ မိနစ်ကစားခဲ့ပြီးပါပြီ။ အဲဒီပွဲချိန်မိနစ်တွေမှာ သူတို့နှစ်ဦးကွင်းထဲမှာ အတူရှိ ချိန်တိုင်း မန်ယူအသင်းက ပေးဂိုး တစ်ဂိုးမှ မပေးရသေးတာပါ။  

သူတို့နှစ်ဦးဟာ နောက်ဆုံးကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မိနစ် ၉၀ ပြည့်တဲ့အထိ တွဲဖက်ကစားခဲ့ကြပါတယ်။ 

သူတို့ နှစ်ဦးဟာ မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်၊ အက်စတွန်ဗီလာကို ၃ ဂိုး၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ အတူကစားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ 

3 hours Ago
Up