close

ဗိုလိုကော့ပ်တာ

close

June 22, 2021

ဂျာမန်ကုမ္ပဏီ ဗိုလိုကော့ပ်တာက လေပေါ်ပျံသန်းနိုင်သည့် တက္ကစီ ပျံသန်းသရုပ်ပြ

ဂျာမန်ကုမ္ပဏီ ဗိုလိုကော့ပ်တာဟာ လေပေါ်ပျံသန်းနိုင်တဲ့ သူ့ရဲ့ပထမဆုံး လျှပ်စစ် တက္ကစီ (air taxi) ကို ပြင်သစ်နိုင်ငံ မြို့တော်ပါရီနားက လေဘွာဂျက် လေဆိပ်မှာ ဇွန် ၂၁ ရက်က ပထမဆုံး ပျံသန်းသရုပ်ပြခဲ့ပါတယ်။

air taxi ကို ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ့် ပါရီအိုလံပစ်ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့ ရည်မှန်းထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

ရဟတ်ယာဉ် အသေးစားနဲ့တူတဲ့ တက္ကစီယာဉ်ဟာ ဘွာဂျက်လေဆိပ်မှာ ဒေါင်လိုက် အတက်အဆင်း လုပ်ပြခဲ့ပြီး ၃ မိနစ်ကြာ ပျံသန်းမှုအတွင်း ယာဉ်ပေါ်မှာ ခရီးသည်တော့ မပါခဲ့ပါဘူး။ 

လေယာဉ်ကွင်းပေါ် အမြင့် မီတာ ၃၀ မှာ တနာရီ ကီလိုမီတာ ၃၀ အမြန်နှုန်း မီတာ ငါးရာ ခရီးကို ပျံသန်းပြခဲ့တယ်လို့ ဗိုလိုကော့ပ်တာက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ယာဉ်ပေါ်မှာ ခရီးဆောင်အိတ်တင်ဖို့ နေရာနဲ့ ခရီးသည် ၂ ယောက် စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။

တက္ကစီယာဉ်ပျံကို ရဟတ်ယာဉ်မှူး လိုင်စင်နဲ့အတူ ပထမပိုင်းမှာ လုပ်ငန်းလည်ပတ်မှာ ဖြစ်ပေမယ့် နောက်ပိုင်း အချိန်တခုအတွင်း အလိုအလျောက် ပျံသန်းခရီးနှင်တဲ့စနစ်သုံးဖို့ မျှော်လင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

“မြို့ပြ သယ်ယူပို့ဆောင်ရေး ဈေးကွက်ဟာ အမေရိကန်ဒေါ်လာ ၁၀ ထရီလျံဖိုး ကျော်တယ်။ ၂၀၃၅ မှာ ကျနော်တို့ဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀၀ ဝန်းကျင်ရှိတဲ့ ဈေးကွက် အခွင့်အလမ်းအတွက် ဝန်ဆောင်မှု ပေးနိုင်မယ်” လို့ ကုမ္ပဏီက ပြောပါတယ်။

1 min Ago
Up