close

ဗိုလ်ကြီးဇေသူအောင်

close

March 3, 2022

စစ်အာဏာရှင်ဖြုတ်ချရေး အရာရှိစစ်သည်များ ပြည်သူနှင့်ပူးပေါင်းရန် ဗိုလ်ကြီးဇေသူအောင် တိုက်တွန်း

စစ်အာဏာရှင်စနစ်ကို နှစ်ဖက်ထိခိုက်မှု အနည်းဆုံးနဲ့ ဖြုတ်ချနိုင်ဖို့ဆိုရင် လက်ရှိ တပ်မတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိစစ်သည်တွေ အာဏာဖီဆန် CDM ဝင်ဖို့ လိုအပ်တယ်လို့ ‌ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်လေတပ်စခန်း၊ အမှတ် ၄၅ ကင်းထောက်လေယာဉ် အုပ်လေသူရဲ တာဝန်ကနေ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စီနီယာဗိုလ်ကြီး ဇေသူအောင်က နောက်လာမယ့် မျိုးဆက်တွေသစ်တွေအတွက် စစ်အာဏာရှင်စနစ်အား တိုက်ကို တိုက်ထုတ်ရမှာဖြစ်လို့ နွေဦးတော်လှန်ရေးကို အားလုံးပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ အရာရှိစစ်သည် မိသားစုတွေကို ပြည်သူလူထုတွေက အစစအရာရာ ကူညီပြီး နွေးထွေးစွာ ကြိုဆိုနေတယ်လို့လည်း စစ်သက် ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး CDM ဝင်လာတဲ့ ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေတပ်မှ CDM ဝင်ရောက်လာသူ အရာရှိစစ်သည် ၁၀၀ ကျော်ရှိလာပြီ ဖြစ်ပါတယ်။

https://www.facebook.com/photo?
14 mins Ago

February 23, 2022

လေတပ်အရာရှိ ၁ ဦး အာဏာဖီဆန်CDM ပြုလုပ်၊ ပြည်သူနှင့်ပူးပေါင်း

နေပြည်တော် အမှတ် ၄၅ ကင်းထောက်လေတပ်စခန်းမှာ ၁၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ လေတပ်အရာရှိတစ်ယောက်ဟာ CDM လုပ်ဖို့ မိသားစုနဲ့အတူ ရောက်လာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မှာ သင်တန်းတက်နေတဲ့ DSA အပတ်စဉ် ၅၀ ဗိုလ်ကြီးဇေသူအောင်ဟာ အခုလ ၁၅ ရက်က မိသားစုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုကို ရောက်လာခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ဘက်တော်သားအဖြစ် ရပ်တည်ဖို့ ပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့ ဗိုလ်ကြီးဇေသူအောင်နဲ့ မိသားစုကို လုံခြုံတဲ့နေရာကို စီစဉ်ပေးထားပါတယ်။

ပြည်သူလူထုနဲ့ တသားတည်း ပူးပေါင်းပါဝင်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်-ဒီးမော့ဆို (DMO-Local PDF)တပ်ဖွဲ့ က နွေးထွေးစွာ ကြိုဆိုလက်ခံဖို့ အသင့်ရှိတယ်လို့ အသိပေးကြေညာထားပါတယ်။

1 week Ago
Up