close

ဗိုလ်ချုပ်မွေးနေ့

close

February 13, 2023

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ဒေါနစစ်ကြောင်းက ပဲပြုတ်နံပြားကျွေးမွေး (ဓာတ်ပုံ)

ဖေဖော်ဝါရီ ၁၃ ရက်၊ ဒီကနေ့မှာကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသက် ၁၀၈ နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ဒေါနစစ်ကြောင်း ချေမှုန်းရေးတပ်ခွဲ-၁ ရဲ့ ရဲဘော်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် သူရဲကောင်းတွေကို အလေးပြုခဲ့ကြပြီး တပ်ရင်းက ရဲဘော်တွေကိုလည်း ပဲပြုတ်နံပြား ကျွေးမွေးခဲ့ပါတယ်။

ဒေါနစစ်ကြောင်း၊ စစ်ကြောင်းလုံခြုံရေးတပ်စိပ်က ရဲဘော်တွေကလည်း စစ်ကြောင်းရှိ ရဲဘော်တွေကို မုန့်ဟင်းခါးချက်ကျွေးတာ၊ စစ်ကြောင်းမှူး စောဒါးကိုအတွက် အမှတ်တရ ပန်းချီကားရေးဆွဲပြီး လက်ဆောင်ပေးတဲ့ အစီအစဉ်တွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

2 days Ago

February 13, 2021

ဗိုလ်ချုပ်မွေးနေ့ အထိမ်းမှတ်အဖြစ် မုံရွာမြို့တွင် ပဲပြုတ်နံပြား ဝေငှ

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုအထိမ်းမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မုံရွာမြို့မှာ ပဲပြုတ်နံပြား ဝေငှခဲ့ပါတယ်။

ပဲပြုတ်နံပြားဝေငှတဲ့အထဲ ပါဝင်သူတစ်ဦးက "အရင်နှစ်တွေက ဗိုလ်ချုပ်မွေးနေ့တိုင်း ပဲပြုတ်နံပြား ဝေရတဲ့ခံစားချက်နဲ့ ဒီနှစ်ခံစားချက်ကတော့မတူဘူးပေါ့။ ဒီနှစ်က ပြည်သူအားလုံး စိတ်သောကတွေနဲ့ဆိုတော့ အရင်လို ပျော်ရွှင်မှုမရှိတော့ဘူး။ သောကတွေ ဖိစီးနေတော့ ပျော်ရွှင်မှုက သိပ်မရှိသလောက် လျော့ကျနေကြရတယ်။ အရင်ကနှစ်တွေကဆို စာပေဟောပြောပွဲတွေ၊ ပျော်ပွဲရွှင်ပွဲအထိမ်းမှတ်တွေ ရပ်ကွက်တိုင်းလုပ်ကြတယ်။ ဒီနှစ် ဗိုလ်ချုပ်မွေးနေ့မှတော့ စစ်အာဏာရှင်ကျဆုံးရေး ကြွေးကြော်သံတွေနဲ့အတူ ဖြတ်သန်းခဲ့ရပြီ" လို့ ပြောပါတယ်။

မုံရွာမြို့မှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းမှတ်အဖြစ် ပဲပြုတ်နံပြားဝေငှတာကို မြို့တွင်းရှိ ရပ်ကွက်နေရာတချို့မှာ ပြုလုပ်ခဲ့ကြသလို အာဏာသိမ်းစစ်အစိုးရပြုတ်ကျရေးအတွက် ဆန္ဒပြသပိတ်စစ်ကြောင်းများကလည်း မြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်မှာ အလေးပြုဆုတောင်းခဲ့ကြပါတယ်။

မုံရွာမြို့မှာ အာဏာသိမ်းစစ်အစိုးရပြုတ်ကျရေးအတွက် သပိတ်မှောက်ဆန္ဒပြတာဟာ ဒီနေ့နဲ့ဆို  ၁၀ မြောက်ရှိပြီဖြစ်ပြီး တနေ့ထက်တနေ့ အရှိန်မြင့်တက်လာသလို ဌာနအသီးသီးမှ ဝန်ထမ်းတွေလည်း ပါဝင်လာနေကြတာပါ။

ရန်နိုင်စိုး

2 years Ago
Up