ယူကရိန်းဟာ ရုရှားနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ် ဝင်ရောက်ခွင့်ကို ဖျက်သိမ်းလိုက်ပြီး ဇူလိုင် ၁ ရက်က စလို့ ဗီဇာရဖို့ လျှောက်ထားရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ဇွန် ၁၇ ရက်က ပြောပါတယ်။
ဝန်ကြီးများအဖွဲ့က စီစဉ်ထားတဲ့ ဆုံးဖြတ်ချက်အရ ယူကရိန်းဟာ ရုရှားနိုင်ငံသားတွေအတွက် ဗီဇာ စနစ်ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်မှာ စတင်မယ်လို့ ယူကရိန်းသမ္မတက ပြောခဲ့တာပါ။
ကိယက်ဗ်မြို့ခံ အသက် ၅၀ အရွယ် ဆွစ်လာနာ ပက်ထရမ်ကိုက သူ အခု ခြံစည်းရိုး ခတ်တော့မှာဖြစ်ပြီး ဘယ်ရုရှားကိုမှ ဝင်ခွင့် မပေးဘူးလို့ ရိုက်တာကို ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ် ကိယက်ဗ်မှာ နေထိုင်သူ ကာတနာကတော့ ငါတို့နိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေဟာ ဒီမှာ နေခွင့်မရှိဘူး လို့ ဆိုပါတယ်။
အသက် ၂၉ နှစ်အရွယ် နီးပရိုမြို့ခံ မီခေးလ်လိုကတော့ ရုရှားတွေ ဝင်ရောက်မှုကို ကန့်ကွက်တယ် လို့ ပြောပါတယ်။
ရုရှားနိုင်ငံသားတွေကို ဗီဇာခွင့်ပြုပြီး ပေးဝင်မယ်ဆိုရင် ဒါဟာ အလွန်မျက်စိနောက်စရာ ကောင်းလိမ့်မယ်လို့လည်း ပြောပါတယ်။