close

ဗီဇာသက်တမ်းတိုး

close

July 7, 2021

ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၀၀ ခန့်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးပေး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ အရေးပေါ်အခြေအနေအဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်ကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးပေးခဲ့တယ်လို့ တရားရေး၀န်ကြီး ယိုကိုခါမိခါဝါက ပြောပါတယ်။

ဒီလူတွေထဲမှာ ပြီးခဲ့တဲ့လက အသင်းဖော်တွေနဲ့အတူ အိမ်ပြန်ဖို့ ငြင်းဆန်ခဲ့တဲ့ မြန်မာအမျိုးသား လက်ရွေးစင် ဘောလုံးအသင်းမှ ဂိုးသမား ပြည့်လျှံအောင်လည်း ပါဝင်ပါတယ်။ 

ဂျပန်နိုင်ငံမှာ ခုချိန်ထိ ဒုက္ခသည်အဖြစ် လျှောက်ထားသူ အယောက် ၅၀ လောက်ရှိပြီး တယောက်ကိုမှ အဆုံးအဖြတ် မပေးရသေးဘူးလို့လည်း  တရားရေး၀န်ကြီး ဇူလိုင် ၆ ရက်က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာစစ်တပ်က အာဏာသိမ်းနောက် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ရာမှာ အနည်းဆုံးလူ ၈၉၀ ဦး သေဆုံးခဲ့ရပြီးတော့ ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူတွေ အဖမ်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

5 mins Ago
Up