ဗီယက်နမ်နိုင်ငံမှာ ဩဂုတ် ၂၃ ရက်ကစတဲ့ ပိုတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက်ထဲမှာ ပြည်သူတွေ စားနပ်ရိက္ခာအတွက်တောင် အိမ်ကနေ မထွက်ကြဖို့ တားမြစ်ပိတ်ပင်ထားပြီး စစ်တပ်က ကူညီမယ်လို့ ပြောပါတယ်။
ကြေညာချက်ကြောင့် ပြည်သူတွေ စိတ်ရှုပ်ထွေးခဲ့ကြပြီး သီတင်းပတ်ကုန်ရက်က စူပါမားကက်ကြီးတွေမှာ အထိတ်တလန့် အလုအယက် ဈေးဝယ်တာတွေ ဖြစ်ခဲ့ပါတယ်။
ဩဂုတ် ၂၃ မှာတော့ စစ်သားတွေက ဒေသခံတွေကို စားစရာတွေ လိုက်ဝေနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေမှာ လက်နက်ကိုင် စစ်သည်တွေက စောင့်ကြပ်နေပြီး စာရွက်စာတမ်း စစ်ဆေးနေပုံ ရုပ်ပုံတွေကိုလည်း အစိုးရရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။
လူဦးရေ ၉၈ သန်းရှိတဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်သူ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးထားပြီး ဒေသတွင်း ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံး နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်နေပါတယ်။