close

ဗုံကြဲတိုက်ခိုက်

close

July 4, 2022

ကေအန်ယူနယ်မြေရှိ အေအေတပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံး

ကေအန်ယူ တပ်မဟာ ၅  နယ်မြေမှာရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ စခန်းတခုကို ဇူလိုင် ၄ ရက် ဒီကနေ့  စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့  အေအေ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒီနေ့လယ် ၁၂ နာရီ ၂၅ မိနစ်လောက်မှာ  စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်  နှစ်စီးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့လို့  အေအေတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အေအေတပ်ဖွဲ့တွေရှိရာနေရာကို  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့  ၃  ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တဲ့ အကြောင်းနဲ့ အေအေစခန်းချထားတဲ့ နေရာဖြစ်လို့ အေအေတပ်ဖွဲ့တွေပဲထိခိုက်ဒဏ်ရာရသွားတာဖြစ်ပြီး KNLA တပ်တွေဘက်ကတော့ ထိခိုက် တာမရှိဘူးလို့ ကေအန်ယူ သတင်းရင်းမြစ်ကလည်း အတည်ပြု ပြောပါတယ်။ 

ဗုံးကြဲတိုက်ခိုက်မှုကြောင့် စခန်းအတွင်းရှိ ဆေးရုံ၊ ဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်

စစ်လေယာဉ် နှစ်စီးဟာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ ဝင်ရောက်သွားခဲ့တယ်လို့လည်း အေအေထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ထိုင်းဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဇွန်လ ၃၀ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲကို စစ်ကောင်စီလေတပ်က  MIG-29 အမျိုးအစား တိုက်လေယာဉ် ကျူးကျော် ဝင်ရောက်ခဲ့ပြီး ဒါနဲ့ပတ်သက်လို့ မြန်မာဘက်က တောင်းပန်ခဲ့တယ်လို့   ထိုင်းဝန်ကြီးချုပ် ပရယုတ်ကျန်အိုးချားက ပြောပါတယ်။

Photo-AA

10 hours Ago
Up