အီသီယိုပီးယားနိုင်ငံ တီဂရေးဒေသအနောက်မြောက်ဘက် ဒီဒီဘစ်မြို့လေးရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတခုကို ညသန်းခေါင်မှာ အစိုးရလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ၅၆ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒုက္ခသည်စခန်းထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေ အများအပြား ရှိပြီး ညအမှောင်ထဲ မရှောင်နိုင်ခဲ့ဘဲ ဒဏ်ရာရသူတွေလည်း အလွန်များပါတယ်။
အခုတိုက်ခိုက်မှုအပေါ် အီသီယိုးပီးယားအစိုးရနဲ့ စစ်တပ်က တစုံတရာ ပြောဆိုမှုမရှိပါဘူး။
အစိုးရစစ်တပ်နဲ့ သူပုန်တွေအကြား ၁၄ လဆက်တိုက် ပဋိပက္ခတွေ ဖြစ်နေခဲ့ပြီး အရပ်သားတွေ အပေါ် တိုက်ခိုက်မှုက အစိုးရက အမြဲတမ်း ငြင်းဆန်ပါတယ်။