close

ဗုံးခွဲ ဖျက်ဆီး

close

April 11, 2022

မြန်အောင်မြို့တွင် စစ်အုပ်စုပိုင်တာဝါတိုင် ဗုံးခွဲခံရသဖြင့် ရေနံလုပ်သားများ ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဖားအောက်ကျေးရွာမှာ ဧပြီ ၇ ရက်နေ့က စစ်အုပ်စုပိုင် မိုင်တဲလ် တာဝါတိုင်ဗုံးပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ၃ ရက်အတွင်း ရေနံထုတ်လုပ်ရေးဝန်ထမ်း ၁၀ ယောက်ထက်မနည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတဲ့နေ့မှာပဲ ရေနံထုတ်လုပ်ရေးဝန်ထမ်းတွေကို စစ်ကောင်စီ တပ်သားတွေက ညပိုင်း စစ်မေးစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။

“ဒီဘက်မှာက တခုခုဖြစ်ပြီးဆို မဆိုင်တဲ့သူတွေပဲ အဖမ်းခံရတာ။ လုပ်တဲ့အဖွဲ့က သူတို့လို မဟုတ်ဘူး။ သတ္တိရှိတယ်၊ ပြည်သူတွေ အဖမ်းမခံရအောင် သူတို့လုပ်ပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီကောင်တွေက မဆိုင်တဲ့သူတွေပဲ ဖမ်းတယ်။ ခုဆို ၁၀ ယောက်ကျော်သွားပြီ။ သိရသလောက်တော့ အားလုံးက ပြည်သူတွေပါ”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရတာနဲ့ပတ်သက်ပြီး ၃ ရက်အတွင်း ရေနံထုတ်ဝန်ထမ်းတွေအပါအဝင် ဒေသခံပြည်သူ အနည်းဆုံး ၁၀ ယောက်ကျော် ဖမ်းဆီးခဲ့ပြီး စစ်တပ်ထဲမှာ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်ကို ဗုံးခွဲခဲ့တာဟာ သူတို့ရဲ့လက်ချက်သာဖြစ်တယ်လို့ နဂါးနီ တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက ရွာသားတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

3 mins Ago
Up