close

ဗုံးတိုက်ခိုက်မှု

close

May 17, 2022

သပိတ်ကျင်းရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆိပ်ကမ်းရပ်ကွက်ရှိ သပိတ်ကျင်းမြို့မရဲစခန်းမှာ မေလ ၁၇ ရက် မနက် ၉ နာရီလောက်က ဒရုန်းနဲ့ ဗုံးချပြီး ဖောက်ခွဲခံခဲ့ရပါတယ်။

ဗုံး ၂ လုံး ပစ်ချဖောက်ခွဲခံရတာဖြစ်ပြီး ရဲစခန်းဝင်းအတွင်း ဗုံး ၁ လုံးကျ ပေါက်ကွဲခဲ့ကာ ပျက်စီး ဆုံးရှုံးတာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကျန်ဗုံးတလုံးမှာလည်း ရဲစခန်းဝင်းအတွင်းရှိ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်နံဘေး ကျခဲ့ပေမဲ့ ပေါက်ကွဲတာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဆိပ်ကမ်းရပ်ကွက်၊ ကမ်းနားလမ်းရှိ နေအိမ်တခုပေါ်မှာလည်း ဗုံးတလုံးကျကာ ပေါက်ကွဲခဲ့ပြီး သွပ်မိုး၊ မျက်နှာကြက် အနည်းငယ်ထိခိုက်ပျက်စီးပေမယ့် လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။

5 mins Ago

March 4, 2022

စစ်​ကောင်စီ တပ်စွဲထား​သည့် ကျောက်ဆည်ခရိုင်​ထွေအုပ်ရုံး ဗုံးဖြင့်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ထုတ်ပြန်ထားပါတယ်။

မတ်လ ၃ ရက် မနက် ၁၀ နာရီခွဲအချိန်က စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးကို လက်ပစ်ဗုံး ၂ လုံး ပစ်ထည့်တိုက်ခိုက်ခဲ့တာလို့ KDDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ထွေအုပ်ရုံးရှေ့မှာ အစောင့် စစ်သား ၂ ယောက်ရှိနေပြီး လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် ရမ်းသန်းပစ်ခတ်တာတွေ၊ လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ် ၂ ရက် မနက် ၆ နာရီအချိန်ကလည်း စဥ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်မှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင်အတွင်းရှိ စက်တွေကို မိုင်းအကြီး ၃ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ KDDF က ထုတ်ပြန်ထားပါတယ်။

2 months Ago
Up