close

ဗုံးပစ်တိုက်ခိုက်ခံရ

close

November 22, 2022

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရုံးတခု ဗုံးပစ်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်ရှိ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က ဗုံးနဲ့ပစ်ခံခဲ့ရပါတယ်။

ရပ်ကွက်ရုံး ဗုံးနဲ့ပစ်တာကို Anonymous Force MDY၊ Truth Keeping AMA၊  Mandalay Young Force အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပျူစောထီးအဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေတွေကို စုံစမ်းနေတုန်းဖြစ်တယ်လို့ Anonymous Force MDY က ဆိုပါတယ်။

စစ်ကောင်စီအသိုင်းအဝိုင်းမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးတာ မရှိဘူးလို့ သတင်းလွှင့်ထားပါတယ်။

9 hours Ago

November 8, 2022

ကျောက်မဲခရိုင်ရဲရုံး ဗုံးပစ် တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့၊ အမှတ် ၇ ရပ်ကွက်မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့ရုံးကို နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီ ၁၅ မိနစ်လောက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတ‌ေယာက်က “ညနေပိုင်းက ဗုံးပစ်ခံရတာပါ။ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက်က လက်လုပ်ဗုံးနဲ့ လာပစ်သွားတာ။ ပျက်စီးတာတော့ မသိရသေးဘူး။ ခရိုင်ရဲရုံးက မြောက်ကုန်းကနေ ငါးကန်ဘက်အထွက်မှာရှိတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတချို့ကို ဗုံးပစ်တိုက်ခိုက်ခံရတာ ၂ ကြိမ်ထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ကျောက်မဲမြို့မှာရှိတဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“အရင်တခေါက်က ကျောက်မဲစည်ပင်ရုံးထဲ ဗုံးပစ်ခံရတယ်။ အခု ခရိုင်ရဲရုံးပေါ့။ အဲ့လိုဖြစ်ပြီးရင် စစ်တပ်က ထင်ရာမြင်ရာ လူငယ်တွေကို ဖမ်းဆီးတော့တာပဲ။ အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရတဲ့သူ မနည်းတော့ဘူး” လို့ မြို့ခံတယောက်က ပြောပါတယ်။

ကျောက်မဲမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူလူထု အယောက် ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားလို့ တိမ်းရှောင်နေသူတွေလည်း ရှိနေပါတယ်။

အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်တယ် ဆိုတာကို ထုတ်ပြန်တာ မရှိသေးပါဘူး။

ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

2 weeks Ago
Up